Part_39

7.9K 1.2K 117
                                    

<Unicode>

"ဒါဆို ပြိုင်ပွဲမဝင်ခင်က သူတို့၂ယောက်တွေ့သေးတ
ပေါ့"

သူ့ရှေ့ကအမျိုးသမီးကိုဆိုလိုက်ခြင်း။ သေဆုံးသူက ပြိုင်ပွဲမဝင်ခင် နောက်ထပ်ပြိုင်ပွဲဝင်အမျိုးသမီးတစ်ယောက်နဲ့၂ယောက်ထဲတွေ့ခဲ့ခြင်း။

သို့သော် ထိုအမျိုးသမီးနဲ့ သေဆုံးသူကပြေပြစ်တဲ့ဆက်ဆံရေးမရှိ။ ဆုရဖို့အတွက်တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ကြိုးစားကြရင်း မသိလျှင်သူများအမြင်မှာရန်သူတော်တွေလိုဖြစ်နေသည်။

ရှေ့ကကောင်မလေးကတော့ သူတို့၂ယောက်အကြောင်းကိုသိသလောက်ပြောပြနေခြင်း။ အာဏာဂရုစိုက်ကာနားထောင်မိသည်။

"ဟုတ်ပါတယ်၊၊ မပြိုင်ခင်မှာရွှေလွန်းက သူ့ကိုကော်ဖီတိုက်ခဲ့သေးတယ်၊၊ သူကလဲယူပြီးသောက်လိုက်တယ်၊ကျွန်မအထင်အဲ့ကော်ဖီကတစ်ခုခုပဲ"

ရွှေလွန်းဆိုသည်မှာ လက်ရှိသံသဃရှိတဲ့ပြိုင်ပွဲဝင်အမျိုးသမီး။ အာဏာသူ့ရှေ့ကအမျိုးသမီးကိုကြည့်လိုက်ရင်း

"ဒါဆိုရင် ခင်ဗျားပြောချင်တာက ရွှေလွန်းဆိုတဲ့အမျိုးသမီးက ကော်ဖီထဲတစ်ခုခုထည့်လိုက်တာပေါ့"

"ဒါကကျွန်မအထင်ပါ။  သူတစ်ပါးကိုအရမ်းကြီးလဲမစွတ်စွဲချင်ပါဘူး"

"ကောင်းပြီ။  ကျွန်တော်ကရေကူးကန်ကိုသွားကြည့်လိုက်မယ်၊၊သေဆုံးသူမိသားစုနဲ့ရင်းနှီးတယ်မလား"

"ဟုတ်ကဲ့။ ရင်းနှီးပါတယ်"

"ဟုတ်ပြီ။  မိသားစုကိုလဲ ပြောလိုက်ပါ။  မသေချာသေးပဲနဲ့ရွှေလွန်းဆိုတာတဲ့သူကို အရမ်းကြီးသံသဃမဝင်ပါနဲ့လို့။ ကျွန်တော်ရအောင်အဖြေရှာပေးပါ့မယ်"

"ကျေးဇူးပါရှင့် ကျွန်မပြောလိုက်ပါ့မယ်"

သူမကခေါင်းငုံ့ကာရိုသေစွာပြောသည်။ အာဏာလဲ ကိုယ့်ထက်အသက်ကြီးသူကခေါင်းငုံ့ကာကြောနေတဲ့အတွက် သူပါခေါင်းငုံ့ကာနှုတ်ဆက်ပြီး ဆိုင်ထဲကထွက်လာခဲ့သည်။

ကားကိုရောက်တာနဲ့ စက်နှိုးပြီး ရေကူးကန်ကိုသွားဖို့ပြင်၏။

THE EYEWhere stories live. Discover now