Part_40

8.9K 1.2K 110
                                    

<Unicode>

အဖြစ်အပျက်အားလုံးကို ခြုံငုံပြောရရင် ဒီcaseက လုပ်ကြံခံရတာမဟုတ်ဘူး။သေဆုံးသူကလူတွေကိုလှည့်စားသွားတာပဲ။

အရှင်းဆုံးပြောရရင် လူသတ်သမားကသေဆုံးသူကိုယ်တိုင်ပဲ။

ရွှေလွန်းနဲ့သေဆုံးသူက ဆက်ဆံရေးမကောင်းဘူး။ ဘာလို့လဲဆို ၂ယောက်စလုံးက ရေကူးတဲ့နေရာမှာ ပြိုင်ဘက်။ အပြိုင်အဆိုင်ဖြစ်နေတဲ့ သူတို့က တစ်ယောက်နဲ့တစ်ယောက်ရွဲ့တာစောင်းတာတွေရှိတယ်။

ပြိုင်ပွဲနေ့က ရွှေလွန်းက သေဆုံးသူကိုကော်ဖီပေးခဲ့တယ်။ ပြုင်ပွဲမစခင်လေး။ ရွှေလွန်းက ဘာရည်ရွယ်မှာမရှိဘူး။  ဒီတိုင်းပဲပေးလိုက်တာ။ဒါကို လူတချို့ကမြင်သွားတယ်။

အဲ့တာကိုသေဆုံးသူက ကိုယ်တိုင် ကော်ဖီဗူးထဲအိပ်ဆေးထည့်လိုက်တယ်။ မသိရင်ရွှေလွန်းထည့်သလိုပဲ။ သူသောက်ပြီးတော့ပြိုင်ပွဲဝင်တယ်။ ရေကူးနေရင်း  ဆေးအရှိန်ကြာင့်ဆက်မကူးနိုင်ဖြစ်မယ်။

အဲ့မှာ အားလုံးကသူ့ကိုကယ်လိုက်မယ်။ နောက်ဆုံးအိပ်ဆေးရဲ့တရားခံကရွှေလွန်းဖြစ်သွားမယ်။ ဘာကြောင့်ဆို ရွှေလွန်းကသေဆုံးသူကိုကော်ဖီဗူးပေးလိုက်တာ မြင်လိုက်တဲ့လူများတာကိုး။

အဲ့တော့ ရွှေလွန်းကပြိုင်ပွဲမှာ သေဆုံးသူကိုလုပ်ကြံတယ်ဖြစ်မယ်။ သေဆုံးသူကနာမည်ကောင်းရသွားမယ်။ ဒါကသေဆုံးသူချမှတ်ထားတဲ့ အစီအစဉ်။

ဒါမဲ့ ဖြစ်ချင်တော့ သူဆေးရှိန်ပြပြီးရေဆက်မကူးနိုင်တဲ့အချိန်မှာ ဘယ်သူမှမကယ်ကြဘူး။ ရုတ်တရက်ဆန်သွားတဲ့အပြင် ပြိုင်ပွဲဝင်တစ်ယောက်ကရေနစ်သွားတယ်ဆိုတော့ အံ့ဩသွားကြတာပေါ့။ ပြီးတော့ အိပ်ဆေးကအပြင်းစား ။လုံးဝကိုမှေးဆင်းပြီး သတိလစ်သွားသလိုဖြစ်တဲ့ဆေး။သာမာန်နဲ့မတူဘူး။

"အတိုချုံ့ပြောရရင် သူ့ရှူးသူပြန်ပတ်မိတာပေါ့"

အာဏာက  ရှေ့ကစိုင်းအောင်တို့ ၊ ရင်းတို့ကိုရှင်းပြသည်။ရှင်းကတော့ အသံဖမ်းစက်လေးနဲ့ အာဏာပြောတာကို အသံသွင်းသည်။

"နည်းတောင်နည်းသေးတယ်။ မသနားဘူး ၊ သူများကိုချောက်ချ၊မကောင်းကြံချင်တာလေ၊ မျက်ရည်ချူတာပေါ့"

THE EYEWhere stories live. Discover now