Part_60

7.8K 1.1K 39
                                    

<Unicode>

"ပြန်လာပြီလား"

အခန်းထဲကိုဝင်လာတဲ့ အာဏာကိုကြည့်ကာ
မင်းဆက်မေးလိုက်သည်။ ထုံးစံအတိုင်းနောက်ကျမှ
ပြန်လာသည်။ ဘာကြောင့်လဲ သူမမေးချင်ပေ။
အဖြေကကားလမ်းပိတ်လို့သာဖြေဦးမည်။

မင်းဆက်မွေ့ရာပေါ်မှာထိုင်နေပြီး အာဏာကို
ကြည့်နေတော့ အာဏာကခပ်တည်တည်နဲ့ရောက်
လာသည်။

"ရေချိုးလိုက်ဦးမယ်"

"အင်း"

ရေချိုးလိုက်ဦးမယ်သာပြောပြီး ရေချိုးခန်းထဲဝင်သွား
သည်။ မင်းဆက်လဲ ရေချိုးခန်းထဲဝင်သွားတဲ့
အာဏာကိုကြည့်လိုက်ပြီး တစ်ဖက်ပြန်လှည့်လာ
လိုက်သည်။

မွေ့ရာပေါ်မှာ လှဲလိုက်ပြီး စောင်မခြုံဘဲ အိပ်နေလိုက်
သည်။ သူပင်ပန်းနေတဲ့အတွက်ခဏအနားယူရန်
လှဲနေလိုက်သည်။

မှေးခနဲ့ဖြစ်သွားချိန် နားမှာအေးစက်စက်ကိုခံစားလိုက်
ရတာမို့ မင်းဆက်လန့်နိုးသွားသည်။ ဘေးတစောင်း
လှဲနေရာမှ ပက်လက်လှန်လိုက်ပြီး ကြည့်လိုက်တော့
အာဏာ။

"ဖယ်ပေး"

အာဏာက အဝတ်ဗလာနဲ့ခါးမှာသာတဘက်ပတ်ပြီး
မွေ့ရာစပ်မှာထိုင်နေသည်။ မင်းဆက်ကိုနောက်ကနေ
နားကိုလိုက်နမ်းနေခြင်းဖြစ်သည်။

မင်းဆက်ပြောလိုက်တော့ အာဏာမဖယ်။ ပက်လက်
ဖြစ်နေတဲ့ မင်းဆက်ကိုအပေါ်ကအုပ်မိုးကာ ပါးပြင်
ချောချောကိုနမ်းရှိုက်နေသည်။

ရေချိုးပြီးခါစ ရေစက်လက်နဲ့လာနမ်းနေပြီး အေးစက်
နေတဲ့ နှုတ်ခမ်းကြောင့် မင်းဆက်မနေတတ်စွာ
ရုန်းပေမဲ့မရ။

ဘေးတစ်ဖက်တစ်ချက်ဆီကိုလက်ထောက်ထားပြီး
ပါးပြင်၊ နားသယ်စကိုညင်သာနမ်းနေသည်။ဗလာ
ဖြစ်နေတဲ့ ရင်ဘက်ကိုတွန်းပေမဲ့မရ။ အတင်းငုံ့မိုး
ကာမျက်နှာတစ်ပြင်လုံးနမ်းရှိုက်နေသည်။

"မင်း ဘာဖြစ်နေတာလဲ"

အသက်ရှူသံပြင်းပြင်းနဲ့ သူ့ကိုမျက်နှာတစ်ပြင်လုံး
နမ်းရှိုက်နေတဲ့ အာဏာကြောင့်မင်းဆက်မေးလိုက်
သည်။

THE EYEWhere stories live. Discover now