Extra_1 ⚠️

21K 1.4K 101
                                    

<Unicode>

Mature Content (+)

"ကိုကို့ကို ကျွန်တော့်ပေးပါလီလီ"

"ဟမ်"

"ဟေ့ကောင်"

လီလီရဲ့အိမ်ကိုနှစ်ယောက်သားလာပြီးအာဏာပြန်ရောက်ကြောင်းလာနှုတ်ဆက်တာဖြစ်သည်။

နေ့လည်စာစားသောက်ပြီးဧည့်ခန်းထဲစကားပြောနေတုန်း ရုတ်တရက် ဆိုဖာပေါ်ကဆင်းကာ လီလီရှေ့ဒူးထောက်ပြီး ပြောလိုက်တဲ့အာဏာ။

လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားပြီးခေါင်းကလဲငုံ့ထားသေးသည်။

မင်းဆက်နဲ့လီလီကတော့ ကြောင်တောင်တောင်
နဲ့မျက်လုံးပြူးလျက်သားလေး။

"ဘယ်လို"

လီလီကမင်းဆက်ကိုတစ်ချက်ကြည့်ကာ သူ့ရှေ့ကအာဏာကိုပြန်ကြည့်ပြီး မေးလိုက်သည်။ ဒီကောင်လေး ဘာတွေအထူးအဆန်းလုပ်နေပြန်ပြီလဲ။

ထိုအခါ အာဏာကခေါင်းမော့လာပြီး ခပ်တည်တည်နဲ့လီလီကိုကြည့်ကာ

"ကျွန်တော်ကိုကို့ကိုလိုချင်တယ်တယ်  အဲ့တာကြောင့်ကျွန်တော့်ကိုပေးပါလို့"

"မင်းအခုပိုင်နေတာမဟုတ်ဘူးလား"

"ဗျာ"

လီလီရဲ့စကားကြောင့် အာဏာမျက်လုံးပြူးသွားသည်။

"မဟုတ်ဘူး နေဦး  လီလီ ကသိနေတာလားဟင်"

"သိတာပေါ့ မသိပဲနေမလား လာထိုင် "

လီလီကအာဏာကိုဆွဲပြီး ဆိုဖာပေါ်ပြန်ထိုင်စေသည်။ ထိုအခါမှ အာဏာက မင်းဆက်ဘေးနားကိုသွားထိုင်လိုက်သည်။

ခုချိန်ထိစကားမပြောဘဲနေတာကမင်းဆက်။ရှက်လွန်းလို့ မျက်နှာဟာလဲရဲနေသည်။

မိခင်ရှေ့မှာ ပရုတ်သုတ်ခလာလုပ်နေတဲ့အာဏာကြောင့် သူမျက်နှာလေးရဲလာရသည်။

ထို့နောက်လီလီကပြော၏။

"မင်းတို့အကြောင်းကိုမသိပဲနေမလား  သိနေတာကြာလှပြီ"

"ဟင် လီလီကဘယ်လိုသိတာလဲ"

"မင်းတို့အပြုအမူကိုကြည့်ထဲကသိတာပေါ့ထားပါ  မေမေကသားတို့ကိုနားလည်ပြီးသားအဲ့တာကြောင့် စိတ်ထဲစိုးရိမ်တာတွေဖျောက်ထား"

THE EYEWhere stories live. Discover now