Part_14

13.2K 1.9K 43
                                    

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
   
သတ်မှတ်ထားသော အချိန်ကိုရောက်လာသောကြောင့်ရှင်းခန့် ကားပေါ်ကဆင်းလိုက်သည်။ခြံနှင့် အဝေးမှာ ကားကိုရပ်ထား၍ဘယ်သူမှမရိပ်မိပေ။

ရှင်းခန့်နှင့် နောက်၂ယောက်ကတော့ကားတစ်စီးနှင့် အိမ်ထဲဝင်ရန်ပြင်သည်။ကားကိုခြံရှေ့မောင်းလာတော့အစောင့်တွေကထွက်ကာတားကြသည်။ရှင်းခန့်လည်းခပ်တည်တည်နှင့်ကားမှန်ကိုချလိုက်ပြီး အပြင်ထွက် စစ်ဆေးမဲ့သူများအား ပြောလိုက်သည်။

"ဒီနေ့လူသစ်တွေရောက်တယ် သတင်းကြားလို့လာတာ.....မင်းတိုမမကြီးရှိလား"

အေးအေးဆေးဆေးမေးလိုက်သောခန့်ရှင်းကြောင့် အစောင့်တွေက မယုံသင်္ကာစွာကြည့်နေသော ထိုလူတွေကို ကြည့်ကာ ရှင်းခန့်ကစိတ်ပျက်သလိုနှင့်  စုတ်သပ်လိုက်သည်။

"ကျစ်!  မင်းတို့က ဧည့်သည်ကိုကောင်းကောင်းမွန်မွန် မဆက်ဆံပါ့လား.... သွား ... မင်းတို့မမကြီးကိုသွားခေါ်"

ရှင်းခန့်ကပြောလိုက်တော့ ထိုလူတွေထဲကတစ်ယောက်က သွားခေါ်ဖို့အချက်ပြလိုက်သည်။ထိုသူကထွက်သွားသော ရှင်းခန့်လဲကားကိုမှီကာ လက်ပိုက်ပြီးအေးအေးဆေးဆေးနေလိုက်သည်။ကျန်တဲ့သူတွေကတော့ဘာမှမပြောဘဲ သူတို့၃ယောက်အားစောင့်ကြည့်နေကြသည်။

ခဏကြာတော့ အိမ်ထဲကနေပွဲစားအမျိုးသမီးကထွက်လာသည်။ရှင်းခန့်ကိုမြင်တော့ ထိုအမျိုးသမီးကမေးလာသည်။

"မင်းကဘယ်သူလဲ "

သူမကမေးတော့ရှင်းခန့်ကမထိတထိပြောလိုက်သည်။

"ကျုပ်က ဒီမြို့ကိုအလုပ်ကိစ္စနဲ့လာတာ...မပြန်ခင်အပျော်အပါးလေးတွေရှာဖို့ထွက်လာကြတာ...ဒီနားကအကာင်းဆုံးလေးတွေရှိတယ်လို့သတင်းကြားလို့ထွက်လာကြတာ"

ရှင်းခန့်ကပြောတော့ ပွဲစားအမျိုးသမီးက ခပ်တည်တည်နှင့်ပြောသည်။

"ငွေရော အလုံအလောက်ပါလား ...ကျွန်မတို့ဟာတွေက အကုန်အလန်းတွေချည်းနော်... ရေလျှံမှရမယ်...အနည်းဆုံး ၅ပုံးရှိတယ်"

သူမက လက်ငါးချောင်းထောင်ပြတော့ ရှင်းခန့်ကမဲ့ပြုံးပြုံးလိုက်ပြီးပြောလိုက်သည်။

THE EYEWhere stories live. Discover now