Part_52

8.3K 1.2K 46
                                    

<Unicode>

အရင်ဆုံးနိုးနေတာက အာဏာ။ နှစ်နှစ်ခြိုက်ခြိုက်လဲ
အိပ်မပျော်ပေ။ မနက်ရောက်ရင်ဖြေရှင်းရမဲ့ကိစ္စ
ကကြီးတယ်မလား။

နေရောင်ကအခန်းထဲကိုတိုက်ရိုက်ဝင်နေတဲ့အတွက်
remoteကိုယူကာ လိုက်ကာစကိုပိတ်စေသည်။ရင်ခွင်ထဲကလူကြီးလေးကတော့ အိပ်နေဆဲ။

နိုးလာရင်ဘာတွေဖြစ်ဦးမလဲမသိ။ စောင်ကိုပခုံးထိခြုံထားပေးပြီး အိပ်နေတဲ့မင်းဆက်ကိုကြည့်ကာ
အာဏာ သက်ပြင်းချမိသည်။

ညကကိုယ့်အလွန်ဆိုတော့ စိတ်ဆိုးပြေအောင်အထိ
တောင်းပန်ရမည်။ စိတ်ပြေအောင် သူဘယ်လိုတောင်း
ပန်ရရ။

သို့သော် သူ့မျက်လုံးကိုမြင်သွားတဲ့အတွက်တော်ရုံ
ရှင်းမရဘူးဆိုတာကြိုနားလည်လိုက်သည်။

အာဏာ လက်မောင်းပေါ်မှာအိပ်ပျော်နေတဲ့ မင်းဆက်ရဲ့ခေါင်းကိုဖြည်းဖြည်းလေးမ ကာ ခေါင်းအုံးလေးပေါ်တင်ပေးလိုက်သည်။

ပေါက်ပြဲနေတဲ့နှုတ်ခမ်းကြောင့် သူစိတ်မကောင်း
ဖြစ်သွားသည်။ ညကဘာပဲဆိုဆို ကိုကိုကြောက်သွား
မှာပဲ။

စိတ်ကျေနပ်အောင်အထိ တောင်းပန်ရမယ်စိတ်ကူး
ရင်းမွေ့ရာပေါ်ကဆင်းလာခဲ့သည်။ အပေါ်ပိုင်းဗလာ
နဲ့မွေ့ရာပေါ်ကဆင်းသွားပြီး  သူမွေ့ရာအောက်ကို
ကြည့်လိုက်တော့ အဝတ်များ။

သူကညအတင်းဆွဲချွတ်ထားတဲ့ကိုကို့အကျင်္ီတွေ။
သူစိတ်မကောင်းဖြစ်ရင်း အဝတ်တွေကိုကောက်သိမ်း
လိုက်သည်။

ထို့နောက် ကိုကိုမနိုးခင်ရေချိုးခန်းထဲဝင်လာပြီး မျက်နှာသစ်ရသည်။ တစ်ခါတည်းရေချိုးပြီး ပြန်ထွက်လာတော့ မနိုးသေး။

အဝတ်အစားကိုကပြာကယာလဲပြီး မွေ့ရာနားကိုပြန်
သွားလိုက်သည်။ ထိုစဉ် လှုပ်လှုပ်ရွရွနဲ့ မျက်လုံး
လေးဖွင့်လာတဲ့ မင်းဆက်ကြောင့် အာဏာ မျက်လုံး
ပြူးသွားသည်။

"ကိုကို!"

====================

ဆစ်ခနဲ့ နာကျင်သွားရတာက လက်ကောက်ဝတ်။စပ်ဖျင်းဖျင်းဖြစ်နေတဲ့အတွက် လက်မှာသွေးထွက်နေပြီဆိုတာသိလိုက်သည်။

THE EYEWhere stories live. Discover now