[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"နောက်နေ့ကျကိုယ်Starကိုလာခဲ့မယ် ... လက်မှတ်ထိုးဖို့အတွက်"
ဆိုင်ထဲကထွက်တော့ ဦးမင်းပိုင်ရှင်ကပြောသည်။ သူလဲခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ .. ကျွန်တော်အားလုံးပြင်ဆင်ထားပါ့မယ်...ပြီးတော့နောက်ကျကျွန်တော်ညစာလိုက်ကျွေးပါ့မယ်... ဒီနေ့အတွက်ကျေးဇူးပါ ဦးမင်းပိုင်"
သူကပြောတော့ ဦးမင်းပိုင်ရှင်ကခေါင်းညိတ်သည်။
"ဟုတ်ပါပြီ .. Starနဲ့အလုပ်တွဲလုပ်ရတာတော်တောာအဆင်ပြေတာပဲ..သဘောကောင်းတဲ့CEOနဲ့ဆိုတော့ အဆင်ပြေတာပေါ့"
ပြောပြီး သူ့အား ပခုံကိုဖက်လာသည်။
"နောက်လဲရင်းရင်းနှီးနှီးနေကြတာပေါ့ ..အလုပ်တူတူ လုပ်မဲ့သူတွေဆိုတော့"
"ဟုတ်ကဲ့ပါ"
"ကိုယ်သွားတော့မယ်..နောက်တစ်ပတ်မှတွေကြတာပေါ့"
"ဟုတ်ကဲ့ပါ"
ပြောပြီးကားပေါ်တတ်ကာ ထွက်သွားသောဦးမင်းပိုင်အား သူနှုတ်ဆက်လိုက်သည်။ထို့နောက်သူလဲCompanyသို့ ပြန်လာခဲ့သည်။
====================
ခဏအတွင်းမှာသိရတဲ့ အချက်အလက်တွေကို ကြည့်ကာ သူသက်ပြင်းချမိသည်။
ကိုကိုဒီနေ့တွေ့တဲ့လူကဦးမင်းပိုင်ရှင်။ USမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်။ခုမှမြန်မာနိုင်ငံကိုလာကာ စီးပွားရေးလုပ်ခြင်းဖြစ်သည်။ Starမှာ ရှယ်ယာဝင်ဖို့ ဆွေးနွေးထားပြီး လက်ရှိတော့ တစ်ကိုယ်တည်းသမား။
သို့သော် ထိုလူသည် သူ့ကိုယ်သူGayဟု come outထားခြင်း။ဒီအချက်ကသူ့ကို စိတ်ပူစေသည်။ ပိုလွန်းတယ်ပဲဆိုဆို ကိုကို့အနားမှ သူကလွဲ၍တခြားလူတစ်ယောက်မျှ မရှိစေချင်တာက အမှန်ပင်။
စိတ်ပျက်စွာနဲ့ Laptopကိုပိတ်ပြီးခုတင်ပေါ်သို့ လှချလိုက်သည်။စိတ်ဆိုးနေသော ကိုကို့ကိုလဲ သူချော့ရဦးမည်။
တစ်နေ့လုံး ပင်ပန်းနေပြီဖြစ်၍ သူခဏအိပ်ရန်ကြိုးစားလိုက်သည်။ ပင်ပန်းမှုကြောင့် တခဏအတွင်းမှာပင် အိပ်ပျော်သွားသည်။