[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
မင်းဆက် သူ့ကို အတင်းတားနေသော အာဏာအား ဘယ်လိုရှင်းပြရမှန်းမသိတော့။သူ့အတွက်ဒါကအခက်ကြီးမဟုတ်သလို အလွယ်ကြီးလဲမဟုတ်ပေ။ စွန့်စားစရာတစ်ခုလိုပင်။"ဒီကိစ္စကအန္တာရယ်များတယ်ကိုကို...ကျွန်တော်လက်မခံနိုင်ဘူး... တခြားလူကိုလွှတ်လိုက် ... ကိုကိုမသွားရဘူး"
"မဟုတ်ဘူးလေအာဏာရာ"
"ကိုကိုယုံကြည်ရတဲ့သူမရှိရင် ကျွန်တော်သွားမယ် ဖြစ်တယ်မလား...ကျွန်တော်ကိုတော့ယုံတယ်မလား... ကိုကိုမသွားနဲ့ ကျွန်တော်သွားမယ်"
အာဏာက စိတ်ဆိုးပြီးတော့ မိုက်ခ်ကဝင်ပြီးပြောသည်။
"သခင်လေးကတော်ပြီးသားပါ.. အရမ်းကြီးမစိုးရိမ်ပါနဲ့...ဒီကိစ္စကို သခင်လေးမင်းဆက်ကိုင်တွယ်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်...ဒုသခင်လေးလဲ ယုံကြည်ပေးလိုက်ပါ "
မိုက်ခ်ကပြောတော့ အာဏာကစိတ်ရှုပ်သွားသည့်ပုံစံနဲ့ မျက်နှာကိုခက်ကြမ်းကြမ်းပွတ်ဆွဲလိုက်သည်။မသွားနဲ့လို့တားချင်ပေမဲ့သူ မတားနိုင်မှန်းသိသည်။သို့သော် ဒီလိုအန္တာရယ်များသော ကိစ္စမျိုးကိုသူစိတ်မချ၍ဖြစ်သည်။အန္တာရယ်ကြားထဲကို တစ်ယောက်ထဲစွန့်စားသွားရတာမျိုးဖြစ်တဲ့အတွက် သူစိတ်ပူသည်။
"ဒုသခင်လေးက ကျွန်တော်တို့နဲ့လိုက်ခဲ့လေ... ရဲကိုအကြောင်းကြားပြီးရင် ကျွန်တော်တို့ကသခင်လေးနောက်ကိုလိုက်မှာဖြစ်လို့ ဒုသခင်လေးကအဲ့အခါကျရင်လိုက်ခဲ့ပါ"
မိုက်ခ်က အာဏာရဲ့ပူပန်မှုကိုသိသည့်အလားပြောသည်။ခုလိုပြောရခြင်းက စံအိမ်မှာကျန်ပြီး သောကရောက်နေမည့်အစား နောက်ပိုင်းမှလိုက်တာာဆင်ပြေလောက်မည်ဖြစ်၍ ပြောခြင်းဖြစ်သည်။
မိုက်ခ်ပြောလိုက်တော့ အာဏာကခေါင်းညိတ်ပြီး မင်းဆက်ကခေါင်းခါသည်။
"မဖြစ်ဘူးအန်ကယ်မိုက်ခ်...ဒီနေရာကိုအာဏာကိုခေါ်တာမကောင်းဘူး.... ငယ်သေးတယ်"
မင်းဆက်ကအာဏာကဘက်ကိုလှည့်ကာပြောသည်။
"ဒီမှာပဲကျန်ခဲ့ အာဏာ...ကိုယ့်ကျောင်းစာကိုယ်လုပ်...တခြားအရာတွေကိုစိတ်မဝင်းစားနဲ့ဦး "