[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
သူအလုပ်လုပ်ရတာစိတ်ထဲမပါ၊ မနေ့ကိစ္စကိုသာ စိတ်ရောက်နေမိသည်။တစ်ခါမှလက်မပါဘူးသော ညီလေးကို သူလက်သီးဖြင့်ထိုးမိသည်။သို့သော် သူ့စေတနာကို စော်ကားသွားသောကြောင့်သူလက်ပါရခြင်းပင်။ ကိုယ့်စေတနာကိုမမြင်ဘဲ ဘာမဟုတ်တဲ့ clubက မိန်းမတစ်ယောက်နဲ့တောင် အိပ်ချင်အိပ်မယ်ဆိုတဲ့စကားက သူ့ရင်ကိုဆူးတစ်ချောင်းလို စိုက်ဝင်သွားသည်။
ဒီကလေးကို သူလူကောင်းတစ်ယောက် လူတော်တစ်ယောက်ဖြစ်စေချင်တာပါ။ အချိန်တန်လို့ မိန်းမယူကာအိမ်ထောင်ပြုရင်တောင် စိတ်သဘောထားဖြူစင်တဲ့ မိန်းမကောင်းလေးတစ်ယောက်နဲ့ ဖြစ်စေချင်တာ၊၊သူ့စေတနာတွေကိုနားမလည်တော့ ခက်သား။
လက်ကနာရီကို ကြည့်မိတော့ နေလယ်၁၁နာရီ၊၊ သူဧည့်သည်တစ်ယောက်နဲ့ ချိန်းထားသောကြောင့် သွားရန်အခန်းထဲထွက်လာခဲ့သည်။
အခန်းအပြင်ရောက်တော့ အတွင်းရေးမှူးကောင်မလေးက ပြောသည်။
"ဆရာ .... ဦးမင်းပိုင်ရှင်နဲ့ ဒီနေ့တွေ့မှာနော်"
"အင်း... ခုမို့လား"
"ဟုတ်ကဲ့ "
"ငါအခုသွားတော့မယ်....ကျန်တာတွေကြည့်ပြီးစီစဉ်ထား"
"ဟုတ်ကဲ့ပါ"
သူပြောပြီးထွက်လာခဲ့သည်။ ဦးမင်းပိုင်ရှင်ဆိုတာ သူ့ကုမ္မဏီမှာရှယ်ယာဝင်ချင်တယ်ဆိုတဲ့လူတစ်ယောက်ပင်။ နိုင်ငံခြားကပြန်လာပြီး Starမှာ ရှယ်ယာဝင်ခြင်းကြောင်း ကမ်းလှမ်း၍ ဒီနေ့သူသွားတွေ့ဖို့ပြင်လိုက်သည်။
ူသူကားပါကင်ကိုသွားကာ ကားထုတ်တော့ နောက်ကနေတစ်ယောက်ယောက်ကြည့်နေသလိုခံစားရတာကြောင့် လှည့်ကြည့်တော့ သူတစ်ယောက်ထဲပင်။ဘယ်သူမှမရှိ။
စိတ်ထင်နေတာဖြစ်မည်။
သူလဲ ဂရုစိုက်မနေတော့ဘဲ ချိန်ထားတာနောက်ကျမှာစိုး၍ အမြန်ထွက်လာခဲ့သည်။
=================
နာမည်ကြီးစားသောက်ဆိုင်၏ VVIPခန်းထဲတွင် ထိုင်နေသောလူတစ်ယောက်၊၊ ဖြူဖွေးနေသော လက်မှာဝတ်ဆင်ထားသော နာရီတစ်လုံးကိုကြည့်ရုံဖြင့် ဒီလူဘယ်လောက်ချမ်းသာလဲ ဆိုသိနိုင်သည်။