<Unicode>
"စိုင်းအောင်"
သူတို့အားလုံးအံ့ဩသွားရသည်။ ဘယ်လိုလုပ်ပြီး စိုင်းအောင်ဖြစ်နေရတာလဲ။
စိုင်းအောင်က လက်ထဲကအာဏာရဲ့မျက်နှာနဲ့တစ်ပုံစံတည်းဖြစ်တဲ့ မျက်နှာဖုံးကိုလွှတ်ချလိုက်ပြီး မင်းဆက်တို့ကိုကြည့်ကာရယ်သည်။
မင်းဆက်တို့ အားလုံးလဲ စိုင်းအောင်နဲ့မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာ သေနတ်နဲ့ချိန်ရွယ်ကာ သတိထားနေရသည်။မူမမှန်တဲ့ စိုင်းအောင်ကတော့ အရူးတစ်ယောက်လိုရယ်နေသည်။
"မင်း ဘာလို့အဲ့လိုလုပ်ရတာလဲ"
အောင်ခန့်ကဒေါသထွက်ကာမေးသည်။ သူ့အကိုကိုသတ်ခဲ့တာက သူ့ဘေးနားကအရင်နှီးဆုံး သူငယ်ချင်းလား။
အောင်ခန့်မေးလိုက်တော့ စိုင်းအောင်ကရယ်သည်။
"ဟားဟားးး မင်းသိရက်နဲ့မေးနေပြန်ပြီလား ဘာလဲ ငါကိုယ်တိုင်ပြောတာကိုကြားချင်တာလား"
"ခွေးကောင်!"
"အာ ငါတော်တော်ပိရိခဲ့ပုံပဲ။ ဟဘယ်သူမှမရိပ်မိဘူး ကြည့်စမ်း ဟားးဟားးး"
မင်းဆက်သူ့ရှေ့ကစိုင်းအောင်ကိုဒေါသထွက်လာသည်။ အာဏာကို ချောက်ချခဲ့တာရော၊ သူ့တို့ကိုသစ္စာဖောက်ခဲ့တာကရော မင်းဆက် ခံပြင်းလွန်းနေသည်။
"ဘာကြောင့်လဲ စိုင်းအောင် မင်းဘာကြောင့် ဒီလိုတွေလုပ်ရတာလဲ"
မင်းဆက်အေးအးဆေးဆေးမေးလိုက်သည်။ မဟုတ်ရင်သူတို့ဒီကိစ္စကပြီးမှမဟုတ်တော့ပေ။
"ဘာလို့လဲ ဟုတ်လား ဟားဟားးး"
မေးတာကိုမဖြေဘဲ ရယ်နေတဲ့စိုင်းအောင်ကိုကြည့်ကာ မိုးကောင်းစွဲကမျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် နောက်ကျောကနေ မင်းဆက်အနားကပ်ပြီးခပ်တိုးတိုးလေးနဲ့ပြောလိုက်သည်။
"သူ့ကိုကြည့်ရတာ မူမမှန်ဘူးနော်ကိုဆက် ဆက်မေးနေလဲ ဖြေမဲ့ပုံမရှိဘူး ကျွန်တော်တို့အရင်ဆုံး ဖမ်းရအောင်"
မိုးကောင်းစွဲပြောတာအမှန်ပင်။ စိုင်းအောင်က ပုံမှန်လူနဲ့လုံးဝမတူပေ။စိတ်လွတ်နေတဲ့ လူတစ်ယောက်လိုဖြစ်နေသည်။