Part_9

16.1K 2.2K 111
                                    

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]

အာဏာလည်း မေသစ္စာနဲ့တွေ့ပြီး အိမ်သို့တန်းပြန်လာခဲ့သည်။စိတ်ထဲတွင်တော့ မကျေနပ်။သူပြောသလိုတွဲချင်တဲ့သူနဲ့တွဲဆိုသောစကားကိုအတည်ယူကာတွဲနေသောကိုကို့ ကိုစိတ်တိုမိသည်။

အိမ်ရောက်တော့လဲ ကားကိုရပ်ကာတစ်ခါတည်း အိမ်ပေါ်သို့တတ်လာခဲ့သည်။အခန်းတံခါးပိတ်ကာခုတင်ပေါ်တွင် ခေါင်းငိုက်စိုက်ကျကာ နေမိသည်။

မိန်းကလေးတစ်ယောက်နဲ့ အတူတူတွဲမြင်လိုက်ရသောကိုကို့ကိုသူစိတ်တိုတာလား၊သဝန်တိုတာလားမသိ။ သေချာတာကတော့ ကိုကို့နားမှာမမရနံ့ရှိနေတာကို သူဘဝင်မကျပေ။

ဆိုင်မှာသူ့ကိုမြင်တာတောင် အဖတ်မလုပ်သောကိုကို့ကြောင့် သူနေမထိထိုင်မသာဖြစ်ရသည်။

သူနဲ့မေတွဲတာကိုတကယ်ကြီးဘာမှမပြောတော့ဘူးလား။အရင်လို ပြောစကားနားထောင်လို့မဆူမပြောတော့ဘူးလား။

ခေါင်းငိုက်စိုက်ကျကာ မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်ဆွဲမိသည်။

ထိုစဉ် အိမ်ရှေ့ကကားသံကြားရသောကြောင့် သူဝရံတာကနေ ထွက်ကာကြည့်မိသည်။ သို့သော်ကိုကို့ကားမဟုတ်။ သူကြည့်နေတုန်းကားပေါ်ကဆင်းလာသော ကိုကိုကြောင့် သူအနည်းငယ်တော့အံ့သြသွားရသည်။

သွားတုန်းက  ကိုကိုကကားပါသွားသည်လေ။ခုတော့ တခြားကားပေါ်ကဆင်းလာသည်။ ထိုစဉ် ကားမှန်တံခါးဖွင့်လိုက်စဉ် ကားထဲကလူကိုသူသေချာမမြင်ရ။ သေချာစိုက်ကြည့်တော့မှ ဟိုတစ်နေ့ကကိုကိုနဲ့တွေ့တဲ့ ဦးမင်းပိုင်ရှင်။

ကားပေါ်ကနေ ကိုကိုနဲ့ဘာတွေပြောနေမှန်းမသိ။သူအပေါ်ထပ်ကနေ ကြည့်နေမိသည်။ တော်တော်ကြာတဲ့အထိစကားပြောတော့ သူစိတ်မရှည်တော့ပေ။ 

ထိုနောက်ကိုကိုက သူ့ဘက်ကိုလှည့်ကြည့်လာသည်။ ခဏလေးကြည့်ပြီး နောက် ဦးမင်းပိုင်ရှင်ရဲ့ကားကထွက်သွားပြီး ကိုကိုလဲအထဲဝင်လာခဲ့သည်။

ကိုကိုဝင်လာတော့ သူလဲအောက်ထပ်ဆင်းလာခဲ့သည်။ အောက်ထပ်မှာဒေါ်ကြီးနဲ့ စကားပြောနေသောကိုကို့အနားသွားတော့ဒေါ် ကြီးကအလိုက်သိစွာဖြင့်ဝင်၍ပြောသည်။

THE EYEWhere stories live. Discover now