[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
အဆင်ပြေမှာပါဆိုပြီး စိတ်ကိုအေးအောင်ထားနေရသည်။သူများအမြင်မှာတော့ ပိုပိုကဲကဲဟုထင်ကောင်းထင်လိမ့်မည်၊၊သို့သော် မိမိရင်ထဲက အပူကိုမိမိသာ နားလည်သည်။"သခင်လေးကအဆင်ပြေမှာပါ .... အရမ်းကြီးစိတ်မပူပါနဲ့... အားလုံးအဆင်ပြေမှာပါ"
အနားလာကာ နှစ်သိမ့်သော မိုက်ခ်ရဲ့စကားကို အာဏာခေါင်းညိတ်ရင်းဖြေမိသည်။
"ဧည့်ခန်းထဲမှာရောက်နေကြပါပြီ"
အခန်းတံခါးဝကနေ လာပြောသောလူတစ်ယောက်ကြောင့်၂ယောက်သား အောက်ထပ်သို့ဆင်းလာခဲ့သည်။ လှေကားထစ်တွေကို ဖြတ်ကျော်ရင်းအောက်ထပ်က ဧည့်ခန်းထဲသို့ဦးတည်ခဲ့ကြသည်။
ဧည့်ခန်းထဲရောက်တော့ မြင်လိုက်ရတာက လူတစ်ယောက်၊ ရုပ်ရည်ကတော့ မိန်းကလေးတွေသဘောကျလောက်သည့် ယောကျာ်းဆန်တဲ့ မျက်နှာပေါက်ပင်၊ အသားအရမ်းမဖြူသော်လဲ ချောမောတဲ့အထဲတွင်ပါဝင်သည်။သူ့ဘေးနားမှာတော့ နောက်ထပ်အမျိုးသား၅ယောက်ပင်။
အာဏာနဲ့ မိုက်ခ်လဲဧည့်ခန်းထဲက ဆိုဖာမှာထိုင်လိုက်သည်။
"ကျွန်တော်က စုံစမ်းရေအဖွဲ့က ဒုခေါင်းဆောင် ရှင်းခန့်ပါ ... ဒီကမင်းဆက်ရဲ့ ညီလေးထင်တယ်"
ထိုလူကစပြောတော့ အာဏာခေါင်းညိတ်ပြလိုက်သည်။သို့သော် သူစိတ်ထဲသဘောမကျ။ကိုကို့အား မင်းဆက်ဟု ရင်းရင်းနှီးနှီးခေါ်သော ထိုလူအားသူစိတ်သဆဘာမကျပေ။သို့သော် သဘောမကျသော စိတ်အားချုပ်တည်းကာ ခေါင်းညိတ်ပြလိုက်သည်။
ဒုခေါင်းဆောင်ပဲလာတာဆိုတော့ ခေါင်းဆောင်ကဘယ်ရောက်နေလို့လဲဟုတ် မကျေမနပ်တွေးမိသည်။
သူခေါင်းညိတ်ပြတော့ ရှင်းခန့်ကပြုံးပြီးပြောသည်။
"ကျွန်တော်တို့၅ယောက်က Hydraနဲ့အတူတူသွားမယ်...ကျန်တဲ့လူတွေကတော့ နောက်ကနေလိုက်မယ်... အားလုံးတပြုံထဲသွားတာမကောင်းဘူး"
ရှင်းခန့်ကပြောတော့ မိုက်ခ်ကခေါင်းညိတ်သည်။
"ကောင်းတယ်... အဲ့လိုလုပ်ကြတာပေါ့....ကျွန်တော်တို့ဘက်ကလဲ ၁၀ယောက်လောက်ပါမယ်...အဆင်ပြေတယ်"