Part_16

13K 1.8K 86
                                    

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
   
အာဏာကိုHydraရဲ့သားဟု ကျောင်းကဆရာ၊ ဆရာမများနှင့် ကျောင်းသားအားလုံးသိသွားသည့်နောက်မှာတော့ အရင်ကလိုအနိုင်မကျင့်ရဲတော့ပေ။အနိုင်ကျင့်လို့လဲမရ။ ဘယ်သူကိုမှရုမစိုက်စွာနှင့် ကျောင်းတောင်မသွားတော့ပေ။စာမေးပွဲသာသွားဖြေပြီး ကျန်တဲ့အချိန်များတွင် မင်းဆက်ရဲ့အနားသာကပ်နေတတ်သည်။ ကျောင်းမှလူတွေကလဲ အာဏာကိုဘာမှမပြောရဲပေ။

ခုဆိုရင်ဖြင့်  အာဏာက Blue Moon၏ အဖွဲ့သားတစ်ယောက်လိုပင်ဖြစ်နေသည်။မင်းဆက်နောက်အားတကောက်ကောက်လိုက်ခြင်းအားဖြင့်ကျန်သူအားလုံးနှင့်ရင်းနှီးနေပြီးဖြစ်သည်။

အိပ်ရာနိုးသည်နှင့် တစ်ခါတည်းမျက်နှာသစ်၊ရေချိုးလိုက်သည်။ကျောင်းသွားစရာမလို၍ အေးဆေးဆေးဖြစ်နေသည်။

အဝတ်အစားလဲပြီးသည့်နောက် အာဏာအခန်းထဲကထွက်လာပြီးမင်းဆက်၏အခန်းသို့ဝင်လာခဲ့သည်။အခန်းတံခါးဖွင့်ထား၍ လွယ်လွယ်ကူကူဝင်လာလိုက်သည်။

အခန်းထဲဝေ့ကြည့်တော့ မင်းဆက်အားမတွေ့ရ။ ရေချိုးခန်းထဲမှရေသံကြားရ၍ ရေချိုးနေကြောင်းသိလိုက်သည်။

အာဏာလဲခုတင်ပေါ်မှာထိုင်ပြီး စောင့်နေလိုက်သည်။ထိုစဉ် ဖုန်းringtoneသံကြားရသောကြောင့် သူကြည့်လိုက်တော့ ရှင်းခန့်။

အာဏာဖုန်းကိုယူပြီးကိုင်လိုက်သည်။

"ဟယ်လို "

တစ်ဖက်မှရှင်းခန့်ကမေး၏။

"အာဏာလား"

"ဟုတ်... ကိုကိုရေချိုးနေလို့ ဘာပြောပေးရမလဲ"

" ပြီးရင်သူကိုလာခဲ့ဦးလို့ပြောလိုက်"

"ဟုတ်"

ဖုန်ချပြီးမကြာခင် မင်းဆက်ရေချိုးခန်းထဲမှထွက်လာသည်။ခါးတွင်တဘက်ကိုပတ်ထားပြီးထွက်လာသောမင်းဆက်သည်အာဏာကိုမြင်တော့အံ့သြသွားသည်။

"ကြာပြီလား...ဘာလုပ်မလို့လဲ"

မင်းဆက်မေးတေု့ အာဏာကခေါင်းခါပြသည်။

"မကြာသေးဘူး...ခုမှ"

"သြော်"

မင်းဆက်လဲ ဗီဒိုနားသွားကာအဝတ်ထုတ်နေလိုက်သည်။

THE EYEWhere stories live. Discover now