<Unicode>
ဒေါက် ဒေါက်!အခန်းထဲမှာ အလုပ်လုပ်နေတုန်း အခန်းတံခါးခေါက်သံကြောင့် မင်းဆက်အခန်းတံခါးကိုကြည့်မိလိုက်သည်။
ခုဆို အရာအားလုံးပုံမှန်ပြန်ဖြစ်တော့ သူလဲကုမ္မဏီမှာ အလုပ်ပြန်လုပ်နေပြီဖြစ်သည်။ Blue Moonကထွက်လာပြနောက် မနားတော့ဘဲ ချက်ချင်းကုမ္မဏီမှာဝင်လုပ်သည်။
အလုပ်ထဲစိတ်ရောက်နေတဲ့အချိန်တော့ သူအလွမ်းဒဏ်ကို အနည်းငယ်ခံသာသေးသည်။
စာရွက်တွေကိုလက်ကချလိုက်ပြီး သူအလုပ်စားပွဲကထလိုက်သည်။ ထို့နောက် အခန်းတံခါးနားကိုလျောက်သွားလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။
မင်းဆက် တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတာက ဦးခွန်းကြယ်စင်။
သူပြုံးလိုက်ပြီး တံခါးကိုအကုန်ဖွင့်ပေးလိုက်သည်။
"လာလေ ဖေဖေ "
သူပြောလိုက်တော့ ဖခင်ဖြစ်သူဦးခွန်းကြယ်စင်က ပြုံးကာ အခန်းထဲဝင်လာသည်။
"အလုပ်ရှုပ်နေတာလား"
စာရွက်တွေနဲ့ ရှုပ်နေတဲ့ အလုပ်စားပွဲကိုကြည့်ကာမေးသည်။ မင်းဆက်လဲ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ကုမ္မဏီကကိစ္စတွေပါ"
ဦးခွန်းကြယ်စင်က ခေါင်းညိတ်ပြီး ဆိုဖာပေါ်ထိုင်လိုက်သည်။ မင်းဆက်လဲ ပြုံးပြီး ဖခင်ဖြစ်သူဘေးမှာဝင်ထိုင်လိုက်သည်။
"ခဏတဖြုတ်နားလိုက်ပါဦးလားသား မင်း ပင်ပန်းနေတာ ဖေဖေသိတယ်"
ပိန်သွားပြီးမျက်နှာလေးချောင်ကျသွားတဲ့ မင်းဆက်ရဲ့မျက်နှာကို ဦးခွန်းကြယ်စင်ကဖွဖွလေးကိုင်ကာပြောသညိ။
မင်းဆက်ကပြုံးပြီး သူ့ပါးပေါ်ကဖခင်ရဲ့ လက်ဝါးကို အုပ်မိုးကိုင်လိုက်ပြီး ဖွဖွလေးပြုံးပြသည်။
"ရတယ်ဖေဖေ ကျွန်တော်မပင်ပန်းပါဘူး ။ ခုလိုအလုပ်လုပ်နေတာ အိမ်မှာ ဘာအလုပ်မှမလုပ်ဘဲ ငြိမ်နေတာထက်ပိုကောင်းပါတယ်"
"တစ်ရက်တလေတော့ နားလိုက်ပါဦး ၊ တော်ကြာနေမကောင်းဖြစ်မှာဆိုးလို့ "