Part_36

9.4K 1.3K 166
                                    

<Unicode>

လောကကြီးကအရမ်ထူးဆန်းတယ်၊၊ဥပမာ ကိုယ်မထင်ထားတဲ့အရာတွေတကယ်ဖြစ်လာတာမျိုးပေါ့။  ဘယ်သူထင်ထားမလဲ ။ သိပ်ကိုပြီးပြည့်စုံပြီး သဘောကောင်းလှတဲ့ ကျောင်းဆရာနဲ့ဆရာကတော်တို့ရဲ့အရှုပ်တော်ပုံကို။

အမှုကိစ္စကိုပြန်သွားရအောင်။

ဦးမျိုးဟန်ဟင်းက နဂိုထဲက အကျင့်မကောင်းတဲ့လူ။ ဗီဇက ကြိတ်ပုန်းစားတတ်တဲ့လူဆိုပိုမှန်မယ်။ အစကနေပြောရရင် သေဆုံးနဲ့ဦးမျိုးဟန်လင်းနဲ့ကပတ်သက်မှုရှိခဲ့တယ်။ အရှင်းဆုံးပြောရရင် သူတို့၂ယောက်က ဖောက်ပြန်ခဲ့တယ်။ သေဆုံးသူကလဲ အလိုတူအလိုပါပဲ။

ဦးမျိုးဟန်လင်းကငွေပေးပြီး ဖုံးကွယ်ခိုင်းတယ်။ သေဆုံးသူကလဲငွေကိုယူပြီးလက်ခံကာဖုံးကွယ်ပေးတယ်။ ၂ဦးစလုံးအပေးအယူမျှတယ်။

ဒါမဲ့ ဦးမျိုးဟန်လင်းရဲ့ဇနီးကဒီကိစ္စကိုသိသွားတယ်။ ယောကျာ်းဖြစ်သူက ကျောင်းသူတပည့်နဲ့ဖောက်ပြန်နေတာမအတွက် လုံးဝရှော့ရစရာပါပဲ။

အဲ့ဒီအတွက် ကျောင်းစောင့်ကိုငွေပေးပြီး သတ်ခိုင်းခဲ့တယ်။ နေမကောင်းဖူးအကြောင်းပြကာ ယောကျာ်းကိုသေဆုံးသူအနားက ပ. ထုတ်ခဲ့တယ်။

ညနေပိုင်း သူယောကျာ်းကလာခိုင်းသလိုနဲ့ ကျောင်းရဲ့၄ထပ်မြောက်ကိုခေါ်လိုက်တယ်၊၊ အဲ့ဒီမှာသေဆုံးသူကအပေါ်ထပ်ကိုတတ်သွားတော့ငွေပေးခေါ်ထားတဲ့ ကျောင်းစောင့်က သေဆုံးသူကို ဇက်ကိုချိုးပြီး၄ထပ်ကပြစ်ချခဲ့တယ်။ကိုယ့်ဘာသာသတ်သေတဲ့ပုံစံပေါ့။ ဇက်ကျိုးပြီးသေသွာတဲ့အတွက် ပြစ်ချတဲ့အခါ အော်သံမထွက်တော့ဘူးလေ။ ဒါမဲ့ သူသတိလက်လွတ်ဖြစ်သွားတာက ဆေးလိပ်မီးတိုကို ဒီတိုင်းလွှင့်ပြစ်လိုက်တာပဲ။

သေဆုံးသူ၄ထပ်မြောက်ကိုတတ်သွားတာကို ဖွေးသန့်ကမြင်လိုက်ခြင်း။ လူသိပ်မတတ်တဲ့၄ထပ်မြောက်ကိုတတ်သွားတော့စူးစမ်းချင်စိတ်နဲ့နောက်ကလိုက်ကြည့်ရင်း အဲ့အဖြစ်အပျက်ကိုမြင်ခဲ့ကာ videoရိုက်ထားခဲ့တယ်။ဒါကဒီအမှုအတွက် အရေးကြီးတဲ့သက်သေတစ်ခုဖြစ်လာခဲ့တယ်။

THE EYEWhere stories live. Discover now