[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"ဝှား!!!""ဖြောင်း!!"
"အာ့! ဘာလဲဗျ"
"တိုးတိုးနေစမ်း.. အလကားနေသန်းနေတာပဲ"
ကားထဲမှာထိုင်နေရင်း သန်းဝေနေသာ အောင်ခန့်ကို ရှင်းခန့်က ဇတ်ပိုးကိုရိုက်လိုက်ခြင်းဖြစ်သည်။
ထိုအခါ အောင်ခန့်ကမကျေနပ်သလိုပြောလာသည်။
"အကိုကလဲဗျာ ညကတစ်ညလုံးမှမအိပ်ရတာ သန်းမှာပေါ့ "
"ငါကရောအိပ်တယ်ဆိုတော့ "
ရှင်းခန့်ပြောလိုက်တော့ အောင်ခန့်ကနှုတ်ပိတ်သွားသည်။ထို့နောက် အောင်ခန့်ကအိမ်တစ်အိမ်ကိုကြည့်ကာပြောလိုက်သည်။
"ဘာမှလဲမထူးဆန်းဘူး... စောင့်ကြည့်နေတာ၃ရက်ရှိပြီ "
ဒေါ်ချိုဇင်တို့လင်မယားအား ရှင်းခန့်တို့ညီအကို ၂ယောက်စောင့်ကြည့်နေခြင်းဖြစ်သည်။မင်းဆက်တို့ထိုအိမ်ကြီးတွင် နေသမျှကာလပတ်လုံးသူတို့ညီအကို၂ယောက်လဲ ဒေါ်ချိုဇင်ကို မျက်ခြေမပျက်စောင့်ကြည့်နေသည်။
အောင်ခန့်ကဆက်ပြီးပြောသည်။
"ထူးထူးဆန်းဆန်းလဲ ဘာမှမလုပ်ဘူး ...သူ့အမျိုးသားပြန်လာရင် ထွက်ကြိုတယ်...တခြားဘယ်မှလဲမသွားဘူး..အိမ်ပြင်ထွက်တယ်.. ရေလောင်းတယ် ...သာမာန်ပဲလေ "
ရှင်းခန့်ကသက်ပြင်းချလိုက်သည်။ထို့နောက်သူပြောလိုက်သည်။
"ဒီတစ်ညဆက်စောင့်ကြည့်ဦးမယ် ...မထူးခြားဘူးဆိုတစ်မျိုးစီစဉ်မယ်"
အောင်ခန့်ကခေါင်းငြိမ့်သည်။
"အွန်း"
ထိုစဉ် ဖုန်းလာသောကြောင့် အောင်ခန့်ကထုတ်ပြီးကြည့်လိုက်သည်။ထို့နောက်ဖုန်းကိုင်လိုက်ပြီးပြောသည်။
"ဟယ်လို ခေါင်းဆောင်
အာ ဟုတ်ကဲ့... စောင့်နေလေ.. ကျွန်တော်တို့ခုလာခဲ့မယ် ...ဟုတ်ကဲ့"
အောင်ခန့်ကပြောပြီးဖုန်းချလိုက်သည်။ ညေးနားမှရှင်းခန့်ကမေးလိုက်သည်။
"မင်းဆက်လား"
အောင်ခန့်ကခေါင်းညိတ်၏။