<Unicode>
"အပြင်ခဏသွားဦးမယ်"
အာဏာရဲ့စကားကြောင့် မင်းဆက်မွေ့ရာပေါ်မှာစာအုပ်ဖတ်နေရင်း မော့ကြည့်လိုက်သည်။ အာဏာကတော့ အပြင်သွားဖို့အတွက် အဝတ်အစားလဲနေသည်။
"ဘယ်ကိုလဲ"
မင်းဆက်မေးလိုက်တော့ ကျောခိုင်းပြီးအဝတ်လဲနေတဲ့
အာဏာကလှည့်ကြည့်လာသည်။ မင်းဆက်ကိုပြုံး
ပြပြီး"ဒီနားတင်ပါ၊ မကြာဘူး"
မသေချာမရေရာတဲ့အာဏာရဲ့အဖြေစကားကြောင့်
မင်းဆက်စိတ်ထဲအနည်းငယ်ထင့်သွားသည်။ ဒါမဲ့
သူလဲ သူ့အကြောင်းနဲ့သူရှိမှာပဲ ဟုတွေးကာစိတ်
လျော့လိုက်သည်။"သိပ်မကြာနဲ့နော် သတိထားကားမောင်းဦး"
"အင်းပါ ကျွန်တော်ခဏပဲကြာမယ်"
"အင်း ငါစောင့်နေမယ်"
"ဟုတ် ကိုကို "
သူပါးကိုဖွဖွလေးနမ်းပြီး အာဏာကအခန်းထဲက
ထွက်သွားသည်။အခန်းထဲကထွက်သွားတဲ့ အာဏာကြည့်ကာမင်းဆက်အတွေးတွေများကာကျန်ရစ်ခဲ့သည်။ခုရက်ပိုင်း အလုပ်ကိစ္စတွေနဲ့ အာဏာအလုပ်ရှုပ်နေမှန်းသူသိပါသည်။ သို့သော် ခုလိုမျိုးကြီးကသူ့စိတ်ကိုဘဝင်မကျပေ။
မင်းဆက်သက်ပြင်းချလိုက်ပြီး လက်ထဲကဖက်လက်စ
စာအုပ်ကို ဘေးနားကစားပွဲပေါ်ပြန်တင်ထားလိုက်
သည်။ထို့နောက် မွေ့ရာပေါ်ကဆင်းပြီး အခန်းတံခါးနား
ကိုလာခဲ့သည်။ ခုရက်ပိုင်းသူ အာဏာရဲ့အခန်းထဲ
မှာသာနေမိသည်။အာဏာကလဲ မင်းဆက်ကိုသူ့အခန်းထဲမှာသာနေ
စေသည်။ မင်းဆက်က ပထမ ကိုယ့်အခန်းကိုယ်ပြန်နေဖို့ လုပ်ပေမဲ့ အာဏာက သူအခန်းမှာသာအတင်းနေခိုင်းတဲ့အတွက် မင်းဆက်လဲ အခန်းပြန်ဖို့လက်လျော့လိုက်ရသည်။အခန်းထဲကထွက်လာပြီး ကိုယ့်အခန်းကိုယ်ပြန်လာခဲ့သည်။အာဏာနဲ့သူနဲ့အခန်းကသိပ်မဝေးပေ။
အခန်းရှေ့ရောကတော့ တံခါးဖွင့်ကာအခန်းထဲဝင်လာခဲ့သည်။ တစ်ခါတည်းပြန်ပိတ်ပြီး အလုပ်စားပွဲရှိရာကိုသွားလိုက်သည်။