Part_28

11.4K 1.5K 50
                                    

<Unicode>

မိုးလင်းတော့ တစ်ခါတည်းထကာ ဌာနဆီကိုသွားရန်ပြင်ဆင်သည်။ ခေါင်းက အနည်းငယ်နောက်နေလို့ အာဏာ ဆေးဗူးကိုယူပြီးသောက်လိုက်သည်။

ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်ကာ မှန်ထဲမှမျက်လုံးကိုကြည့်လိုက်တော့ သာမာန်ပင်။မထူးခြား၍ စိတ်အေးသွားရသည်။

လန်းဆန်းသွားအောင် ရေအေးနဲ့ရေချိုးလိုက်ပြီး အခနိးအပြင်ထွက်လာခဲ့သည်။ ဗီဒိုထဲက ပေါ့ပေါ့ပါးပါးဖြစ်နေမ့် အကျင်္ီကိုယူပြီး ဝတ်လိုက်သည်။

ထို့နောက် အခန်းပြင်ထွက်ဖို့ပြင်လိုက်တော့ သတိရသွားသည်ကဆေး။ အာဏာ စားပွဲပေါ်ကဆေးဗူးကိုယူပြီး ထွက်လာခဲ့သည်။

"မနက်စာစားသွားဦး"

အောက်ထပ်ရောက်တော့ဒေါ် ကြီးကထုံးစံအတိုင်းပြောသည်။ အာဏာ လက်ကနာရီကိုကြည့်လိုက်တော့ မနက်၇နာရီခွဲနေပြီးဖြစ်တဲ့အတွက် ....

"မစားတော့ဘူး။ ပြီးမှကိုကိုနဲ့သွားစားလိုက်တော့မယ်"

"ကောင်းပါပြီ သွားတော့လေ "

"ဟုတ်ကဲ့"

အာဏာအိမ်အပြင်ထွက်လာပြီး ကားဂိုထောင်ဘက်ကိုသွားလိုက်သည်။ ဂိုထောင်တံခါးဖွင့်လိုက်တော့ တန်းစီပြီးရှိနေတဲ့ကားတွေကိုကြည့်ကာပြုံးလိုက်သည်။

ထို့နောက် အနက်ရောင်ကားတစ်စီးကို ထုတ်ပြီး မင်းဆက်ရှိရာဌာနသို့ထွက်လာခဲ့သည်။

====================

"အာဏာ မလာသေးဘူးလား"

အောင်ခန့်မေးတော့ မင်းဆက်ခေါင်းခါပြီး....

"အင်း လာခါတော့နီးပြီထင်တယ်"

မင်းဆက်ကပြောသည်။ မနက်ဖြန်မနက် လာခဲ့မယ်ဟုဆိုသောကြောင့် မင်းဆက်စောင့်နေခြင်းပင်။ သူ့ခန့်မှန်းချက်အရအာဏာမှာ အကြောင်းတစ်ခုခုရှိပုံပင်။

"ဆူးခတ်ကိစ္စကိုဘယ်လိုလုပ်မလဲ ၊၊အချိန်က၁၀ရက်ထဲနော်"

အောင်ခန့်ကပြောတော့ မင်းဆက်ကသက်ပြင်းချပြီး...

"အာဏာလာအောင်ထိခဏစောင့်မယ် သူလာရင် တစ်ခုခုတော့သိရမယ်ထင်တယ်"

THE EYEWhere stories live. Discover now