Part_50

8.8K 1.2K 40
                                    

<Unicode>

"ဘာကိစ္စလဲ"

အာဏာ တစ်ဖက်ကLoriကိုမေးလိုက်သည်။ သူနဲ့
ဘာကိစ္စရှိလို့ဆက်သွယ်ရတာလဲ။ ဘာအကြောင်း
ရှိလို့လဲ။

သူသိချင်လာသည်။

"မင်းဆက်ရဲ့မိဘအကြောင်းကိုသိပြီးပြီလား"

Loriရဲ့စကားကြောင့် အာဏာစိတ်ထဲစိုးရိမ်သွားသည်။ ဘာကိုလဲ။ မိဘတွေကဘယ်ကပါလာတာလဲ။

"ခင်ဗျားရှင်းရှင်းလင်းလင်းပြောရင်ကောင်းမယ်"

"မင်းငါ့ကိုသိတယ်မလား"

"မသိပဲနေမလား။ ခင်ဗျားကြောင့်ကျွန်တော် ကိုကိုနဲ့၄နှစ်အထိအဆက်အသွယ်ဖြတ်ခဲ့ရတာ"

"ဘာကြောင့်အဆက်အသွယ်ဖြတ်ခိုင်းခဲ့တာလဲ မင်းသိ
လား"

တည်ကြည်ငြိမ်သက်တဲ့အသံက အာဏာရဲ့နားထဲကိုစီးဆင်းသွား၏။  သိချင်စိတ်ကြောင့်သူဆက်မေးမိသည်။

"ခင်ဗျား ဘာတွေသိထားတာလဲ။ ကိုကို့မိဘတွေအကြောင်းကိုသိထားတာလား"

သူမေးလိုက်တော့တစ်ဖက်ကအသံကတိတ်သွားသည်။ သူတစ်ဖက်ကပြန်ပြောလာမဲ့အသံကိုအာရုံစိုက်ထားသည်။

ဒီလူကတကယ်ပဲ ကိုကို့မိဘတွေအကြောင်းကိုသိထားသလား။

"အဟင်း  မသိပဲနေမလား။ မင်းဆက်ဘာကြောင့်ဂေဟာရောက်သွားတာလဲမင်သိလားမင်းအာဏာစက်"

"ခင်ဗျား ရှင်းရှင်းလင်လင်းပြော"

===================

ဖုန်းကိုချကာ သူခုံပေါ်မှာငိုင်နေကာထိုင်မိသည်။
ရင်ထဲအမည်မသိတဲ့ခံစားချက်ကြီးကိန်းအောင်းလျက်။

ဖုန်းကိုတစ်ချက်ကြည့်ကာ မွေ့ရာပေါ်အိပ်နေတဲ့မင်းဆက်ကိုလှမ်းကြည့်မိသည်။

မတ်တတ်ရပ်ကာထပြီး မွေ့ရာဘေးမှားကိုဖြည်းဖြည်းလျောက်သွားလိုက်ကညင်သာစွာ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူကိုမနိုးစေလို၍။

မွေ့ရာဘေးရောက်တော့ အနားမကပ်နိုင်သေး။ ကုတင်အောက်မှာဒူးထောက်ထိုင်ကာ မျက်နှာနုနုလေးကိုကြည့်မိသည်။

THE EYEWhere stories live. Discover now