Part_41

8.1K 1.2K 168
                                    

<Unicode>

"ဖျားနေတာကိုအပြင်သွားဦးမလို့လားသားရယ်"

ညကမျက်လုံးတွေအောင့် ခေါင်းတွေကိုက်ပြီးမနက်ကျတော့ဖျားသည်။ ကျောကTattooကလဲ အနည်းငယ်တော့နားနေသေး။

ဒေါ်ကြီးကတော့ အပြင်သွားမဲ့သူ့ကိုစိုးရိမ်စွာမေး
နေသည်။ အနက်ရောင်ထပ်အကျင်္ီကိုဝတ်လိုက်ရင်နောက်ကရပ်နေတဲ့ဒေါ်ကြီးကိုကြည့်ကာ

"သက်သာပါတယ်ဒေါ်ကြီးရဲ့။ ညကနည်းနည်းလေး
ခေါင်းကိုက်သွားရုံပါ၊ စိတ်မပူနဲ့"

"သက်သာပြီးတာပါပဲ ကျန်းမာရေးလဲဂရုစိုက်ဦးနော်"

"ဟုတ်ကဲ့ ကျွန်တော်သွားတော့မယ်"

"းေအအေး"

ဒေါ်ကြီးကိုနှုတ်ဆက်ရင်း ကားသော့ယူကာ အခန်း
ထဲကထွက်လာခဲ့သည်။ ကားဂိုထောင်ထဲက ကားတစ်စီးကိုထုတ်ကာ ထွက်လာခဲ့သည်က ထုံးစံအတိုင်းဌာနဆီ။

ဒီလိုပဲ သွားလိုက်လာလိုက်နဲ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့သည်။

=================

မျက်မှန်လေးတပ်ပြီး laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ရင်း။ မှုခင်းသတင်းထောက်ဆိုတော့ အမှားမရှိအောင် သေချာဂရုစိုက်လုပ်ရသည်။

ဘောင်းဘီဒူးလောက်လေးကိုဝတ်ထားပြီး ဆောင်းတွင်းရောက်တော့ ချမ်းနေပြီဖြစ်တဲ့အတွက် အနွေးထည်ခပ်ပွပွကြီးကိုဝတ်ထားပြီး တကုတ်ကုတ်နဲ့ အလုပ်လုပ်နေသည်မှာအသဲယားစရာ။

ညနေရောက်နေပြီဆိုတော့အေးလာပြီလေ။

ထိုစဉ် ဘေးနားမှာချထားတဲ့ဖုန်းက မီးလင်းလာပြီး အသံကြားလိုက်ရတဲ့အတွက် မျက်မှန်ကိုပင့်တင်လိုက်ပြီး ဖုန်းကိုယူကာကြည့်လိုက်သည်။

screenပေါ်က ပေါ်နေတဲ့နာမည်ကြောင့် ရင်း နှုတ်ခမ်းစူလိုက်သည်။ ခေါ်သူကအောင်ခန့်။

"ဘာလဲ ခုမှလာပြီးခေါ်နေတယ်"

တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး ရင်းဖုန်းကိုင်လိုက်သည်။

"ပြော ဘာလဲ!'

ဆောင့်ဆောင့်အောင့်အောင့်ထွက်သွားတဲ့ရင်းအသံကြောင့် တစ်ဖက်ကအောင်ခန့်ကလန့်သွားသည်။

THE EYEWhere stories live. Discover now