Part_44

7.9K 1.2K 172
                                    

<Unicode>

"လောလောဆယ် အပြင်လူတွေဝင်လို့မရပါဘူး ကျွန်တော်တို့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့"

အခင်းဖြစ်တဲ့အိမ်ရှေ့မှာ ရဲတွေကလာသတင်းထောက်
တွေကိုတားနေခြင်း။ စုံစမ်းစစ်ဆေးလို့မပြီးသေးတဲ့အတွက် အပြင်လူတွေတစ်ယောက်မှဝင်ခွင့်မရှိ။

ခြံပြင်ကနေ ကြိုးဝါတွေနဲ့စည်းထားသည်။ သို့သော်
သတင်းထောက်များက သတင်းရဖို့အရေးကိုအတွင်း
ဝင်ရန် တောင်းဆိုနေကြတော့ ရဲတွေလဲ အခက်တွေ့ရသည်။

ပတ်ဝန်းကျင်ကလူတချို့ကလဲစူးစမ်းချင်သေး။သတင်း
ထောက်တွေကတမျိုး ၊ ပတ်ဝန်းကျင်ကလူတွေကတစ်မျိုး ရဲတွေလဲ အလုပ်ရှုပ်နေရသည်။

"ကျွန်တော်တို့မကြာခင်သတင်းပေးပါ့မယ်၊ ခုတော့ အထဲကိုဝင်ခွင့်လုံးဝမပေးနိုင်ပါဘူး။ စစ်ဆေးလို့တောင် မပြီးသေးတဲ့အခြေအနေမှာ ခင်ဗျားတို့ကိုသတင်း
ယူဖို့ခွင့်ပြုလို့မရဘူး။နားလည်ပေးပါ"

စိုင်းအောင်က အိမ်ထဲကတွက်လာပြီးသတင်းထောက်တွေကို ပြောတော့  တချို့ကပြန်သွားသည်။ တချို့ကတော့ ခြံရှေ့မှာစောင့်နေဆဲ။

အိမ်ထဲမဝင်ရင်ပြီးရောဆိုကာ စိုင်းအောင်လဲ အာဏာ
လာတာကိုစောင့်နေလိုက်သည်။

ထိုစဉ် ခြံရှေ့ကမှာထိုးရပ်သွားတဲ့ကားတစ်စီးကြောင့်
အာဏာလာပြီးဆိုတာကိုသိလိုက်သည်။ ကားရပ်ပြီးဆင်းလာတဲ့လူကြောင့် သတင်းထောက်တွေကအနည်းငယ်တော့စိတ်ဝင်စားသွားကြသည်။

Blue Moonနဲ့ခေါင်းဆောင်ကလွန်ခဲ့တဲ့၄နှစ်လောက်ထဲကနိုင်ငံခြားကိုထွက်သွားခြင်း။ နောက်တစ်ယောက်က ခေါင်းဆောင်ဖြစ်သွားသည်။

အရင်ကခေါင်းဆောင်ကနွေးထွေးသလောက် ခုခေါင်းဆောင်က အေးအေးစက်စက်နဲ့ကြောက်စရာ။

ကားပေါ်ကဆင်းလာတဲ့ အာဏာကိုကြည့်ကာသတင်း
ထောက်တွေကလုှပ်လုှပ်ရွရွဖြစ်သွား၏။ အာဏာငတော့ဂရုမစိုက်။ ခပ်တည်တည်နဲ့ ခြံဝန်းထဲဝင်လာခဲ့သည်။

အိမ်ရှေ့မှာရပ်နေတဲ့ စိုင်းအောင်အနားသွားပြီး

"အလောင်းကဘယ်မှာလဲ"

THE EYEWhere stories live. Discover now