Part_45

8K 1.2K 61
                                    

<Unicode>

"အစ်မရဲ့သားမှာ သူငယ်ချင်းရှိလား ရင်းနှီးလောက်တဲ့သူ"

"ရှိပါတယ်။ ကောင်လေးတစ်ယောက်ပါ"

"နာမည်က"

"ပိုင်ချမ်းသာပါ"

အာဏာခေါင်းညိတ်လိုက်သည်။

"ပိုင်ချမ်းသာနဲ့ကတော်တော်ရင်းနှီးလား"

"ဟုတ်ကဲ့  ညီအကိုတွေပမာရင်းနှီးပါတယ်။ သူတို့ကတအားခင်ကြတာ။ သူကတော့သားလေးထက် ၅နှစ်ပိုကြီးတယ် "

"အာ  သူ့မိဘတွနဲ့ရော အစ်မနဲ့သိလား"

အာဏာဆက်မေးလိုက်သည်။သူကတည်တည်ငြိမ်ငြိမ်နဲ့ခေါင်းညိတ်ကာ

"ဟုတ်ကဲ့ သိပါတယ်။သားပိုင်မှာကမိခင်မရှိတော့ပါဘူး။ အဖေဖြစ်သူနဲ့အတူတူနေတာပါ သူ့အဖေနဲ့ကျွန်မက  ငယ်သူငယ်ချင်းတွေလေ။ နာမည်ကဦးအောင်သာပါ။

သူတို့သားအဖက ပြောင်းလာတာလွန်ခဲ့တဲ့၁၅နှစ်လောက်က၊ အရင်ကUSမှာနေတာလို့တော့ပြောတယ် ဘာကြောင့်ပြောင်းလာလဲတော့မသိဘူး"

"သူ့အဖေက ဘာလုပ်လဲဆိုတာရောသိလား။ ဆိုလိုတာကအလုပ်အကိုင်ကိုပါ"

"ဦးအောင်သာက အရင်ကတော့ဆရာဝန်ပါ။ နောက်တော့ပင်စင်ယူလိုက်တယ်ကြားတယ်။ ဘာကြောင့်လဲတော့မသိဘူးရှင့်"

"ကောင်းပြီ ဖြေပေးတာကျေးဇူးပါ"

"ဟုတ်ကဲ့ ဒါနဲ့လေ"

"ဟုတ်ကဲ့ ပြောပါ"

အာဏာက သူမဆက်ပြီးပြောဖို့ စကားထောက်လိုက်သည်။

"ကျွန်မသားလေး"

"အတတ်နိုင်ဆုံးအမြန်ရှာနေပါတယ်။မကြာခင်တွေ့ရမှာပါ"

"ဟုတ်ကဲ့"

အာဏာ ထိုအမျိုးသမီးကိုမေးပြီးတော့ အခန်းထဲကထွက်လာခဲ့သည်။

အာဏာအခန်းထဲကထွက်လာပြီး ဂျောင်ဝူးအခန်းဆီကို
လာခဲ့သည်။  အခန်ထဲဝင်လိုက်တော့ ဂျောင်ဝူးကအဆင်သင့် အချက်အလက်တွေလာပေးသည်။

"ဒီမှာ မင်းမနေ့ကစုံစမ်းခိုင်းတာ"

"အင်း ကျေးဇူး"

THE EYEWhere stories live. Discover now