<Unicode>
"ခဏ အိပ်လိုက်လေ အိပ်ချင်နေတယ်မလား"
ဘေးနားကထိုင်နေတဲ့ကိုကို့ ကိုပြောလိုက်တော့မကြား။ လက်ထဲကမဂ္ဂဇင်းကိုသာဖတ်နေူသည်။
အလုပ်ကိစ္စတွေထားကာ သွားချင်တဲ့Daddyရှိရာ ဩစီကိုနှစ်ယောက်သားလာခဲ့ခြင်း။ခုလဲ လေယာဉ်စထွက်ထဲက သူ့ကိုအရေးမလုပ်။
မဂ္ဂဇင်းကိုသာအေးအေးဆေးဆေးဖတ်နေတော့စိတ်ကတိုလာပြန်သည်။
သွားချင်တုန်းကတော့ကပ်ချွဲပြီး လိုက်ပို့ပေးလိုက်တော့အရေးတောင်မလုပ်တော့။
တတ်လဲတတ်နိုင်တယ်။
လက်ထဲက မဂ္ဂဇင်းစာအုပ်ကိုဆွဲယူလိုက်တော့လှည့်ကြည့်လာသည်။ တဖြည်းဖြည်းမျက်မှောင်ကြုတ်လိုက်ကာ
"ဘာလုပ်တာလဲ"
"မဖတ်နဲ့တော့ "
"ပြန်ပေး"
"တော်ပြီလေ စထွက်ထဲကဖတ်နေတာ
အဲ့စာအုပ်ထဲစိတ်ဝင်စားစရာအဲ့လောက်တောင်
ပါနေလား၊ ဘေးနားကကောင်ကိုလဲသတိရဦး"ခပ်တည်တည်နဲ့ပြောလိုက်တော့ ဘာမှဆက်မဆို
တော့။ သူ့ဒေါသထွက်မှာကိုတော့ ကြောက်ရှာသည်။"စာအုပ်လေးပဲဖတ်တာကို"
"မဖတ်နဲ့တော့ နားတော့၊ တစ်နေ့တစ်နေ့စာအုပ်တွေပဲဖတ်နေတာ ဘေးနားကလူကိုနည်းနည်းပါးပါးအရေးစိုက်ဦး"
ပြောပြီးမဂ္ဂဇင်းကိုတဖက်မှာထားလိုက်တော့ငြိမ်သွားကာ ပြန်မတောင်းတော့။ သူ့ကိုလဲမကြည့် ။
ရှေ့ကိုသာကြည့်ကာငြိမ်နေသည်။
"အိပ်လိုက်ဦး ခေါင်းမူးနေမှာဆိုးလု့ိ"
ပခုံးကိုအသာလေးဖက်ကာ သူ့ဖက်ဆွဲလိုက်တော့အလိုက်သင့်ပါလာသည်။
သူ့ပခုံးပေါ်ခေါင်းတင်ကာ မျက်လုံးလေးမှိတ်ကာထားသည်။
"မင်းမအိပ်ဘူးလား"
"စိတ်ချလိုက်ချအိပ်၊ ကျွန်တော်ကမအိပ်ဘူး"
"အင်း"
ထို့နောက် မျက်လုံးလေးစင်းကာအိပ်ပျော်သွားသည်။ သူလဲ လက်သွယ်သွယ်လေးကိုယူကာဆုတ်ကိုင်ထားလိုက်ပြီး ခရီးစဉ်ကိုလိုက်ပါလာခဲ့သည်။