Part_72

8.8K 1.3K 387
                                    

<Unicode>

Please . Part_72နဲ့73က Mainပါ အဲ့တာကြောင့်သေချာဖတ်ပါနော် မဟုတ်ရင်ဘာမှနားလည်မှာမဟုတ်ပါဘူး။

==============

အာဏာကိုထွက်ပြေးဖို့ ကူညီခဲ့တဲ့မင်းဆက်ကို အချုပ်ထဲကိုထည့်ထားလိုက်သည်။ ခုဆိုအာဏာထွက်ပြေးသွားတာ ၁ပတ်ရှိပြီ။

ဘာသတင်းမှအစအနလုံးဝမရခဲ့။ မင်းဆက်လဲ အချုပ်ထဲမှာ ၁ပတ်ရှိနေပြီဖြစ်သည်။

အောင်ခန့် တိုက်ခန်းကနေထွက်လာပြီး ဌာနကိုသွားဖို့ ကားရှိရာကိုလာခဲ့သည်။

ကားနားရောက်တော့ ကားပေါ်တတ်ရန်တံခါးဖွင့်ခါနီး
နောက်ကတစ်ယောက်ယောက်ရောက်နေသလိုခံစားလိုင်ရတဲ့အတွက် သူနောက်လှည့်ကြည့်လိုက်သည်။

ဆံပင်အပြာရောင်နဲ့လူတစ်ယောက်။ ဝတ်စားထားတာကလူငယ်ပုံစံပင်။

"ဘယ်သူလဲ"

သူကားတံခါးကိုကိုင်ထားလျက်ပေးလိုက်သည်။သူမေးလိုက်တော့ ရှေ့ကကောင်လေးကပြုံးပြသည်။

"လောလောဆယ် ကျွန်တော်ဘယ်သူလဲသိချင်ရင် တစ်နေရာရာကိုလိုက်ခဲ့"

ထိုကောင်လေးစကားကြောင့် သူမျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်မျက်နှာချင်းဆိုင် လှည့်လိုက်ပြီး

"မင်း ငါ့ကိုသိလို့လား"

သူမေးလိုက်တော့ ရှေ့ကကောင်လေးကခပ်မဲ့မဲ့ပြုံးသည်။ အိတ်ကပ်ထဲကပီကေတစ်ခုကိုထုတ်ဝါးလိုက်ပြီး

"ခင်ဗျားကိုလဲသိတယ်၊၊ လူသတ်မှုရဲ့အရင်းအမြစ်ကိုလဲသိတယ် "

ပြောပြီး သူ့ရှေ့နားကိုတိုးလာသည်။ထို့နောက် တိုးတိုးလေးနဲ့

"အဲ့တာကြောင့် ကျုပ်နောက်ကိုလိုက်ခဲ့လို့"

===============

မိုးကောင်းစွဲဧည့်ခန်းထဲမှာထိုင်နေတဲ့ အောင်ခန့်ကိုတစ်ချက်ကြည့်ကာ ထမင်းစားခန်းဝင်လိုက်သည်။

ထို့နောက်ကော်ဖီ၂ခွက်ဖျော်လိုက်ပြီး သူအောင်ခန့်ရှိတဲ့
ဧည့်ခန်းထဲကိုပြန်ဝင်လာခဲ့သည်။ထို့နောက် ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်လိုက်ပြီးအောင်ခန့်ရှေ့ကို ကော်ဖီခွက်ကို ချပေးလိုက်သည်။

THE EYEWhere stories live. Discover now