Part_48

8.2K 1.3K 87
                                    

<Unicode>

ဒီတစ်ခါအမှုကိုသွားရအောင်။

အဖြေကတော့ ရှင်းရှင်းလေးပါ။ တရားခံက၂ယောက်ဖြစ်နေတယ်။အစကနေပြောရရင် ပိုင်ချမ်းသာရဲ့ မိဘတွေက လူသတ်သမားကောင်လေးမိခင်နဲ့ပတ်သက်ပြီး စကားများကြတယ်။

အမျိုးသမီးက သူ့ယောကျာ်းရဲ့အချစ်ဦးဖြစ်တဲ့ လူသတ်သမားကောင်လေးရဲ့မိခင်ကိုအပြစ်ပြောရင်း လင်မယားတွေရန်ဖြစ်ကြတယ်။

အဲ့ဒီမှာ စကားများပြီး ဦးအောင်သာက ဇနီးကိုပါးရိုက်လိုက်တယ်။ ဒါကိုပိုင်ချမ်းသာကမြင်သွားတယ်။
သူ့စိတ်ထဲမှာတော့ သူမိဘတွေကို ရန်ဖြစ်အောင်လုပ်တဲ့အမျိုးသမီး၊ ဖခင်ရဲ့အချစ်ဦးဆိုတဲ့အမျိုးသမီးကိုဒေါသထွက်ခဲ့တယ်။

ပိုင်ချမ်းသာအမေက စကားများပြီးကားကိုမောင်းထွက်သွားရင်းကားတိုက်ကာဆုံးသွားတယ်။ အဲ့တုန်းက သူကအသက်၁၀နှစ်သားအရွယ်ပဲရှိသေးတယ်။

၁၀နှစ်အရွယ်ကောင်လေးစိတ်ထဲမှာတော့ သူ့မိဘတွေကိုရန်ဖြစ်စေတဲ့အကြောင်းအရင်းကစွဲသွားတယ်။

နောက်ပိုင်း ဦးအောင်သာက ကလေးကိုဂရုမစိုက်နိုင်တော့ဘဲ  ဆေးတစ်မျိုးကိုတီထွင်တယ်။

ဆေးရဲ့အာနိသင်ကိုသိသွားတဲ့ပိုင်ချမ်းသာက ဦးအောင်သာရဲ့ဆေးတွေကို လာသိမ်းတဲ့အခါ  သူကမသိအောင်သိမ်းထားလိုက်တယ်။

ဒါကိုဆေးပုလင်းတွေလျော့သွားမှန်းသိပေမဲ့ ဘယ်သူယူထားတာလဲဆိုတာကိုမသိကြဘူး။

မြန်မာပြည်ရောက်လာတော့ ဦးအောင်သာကထိုအမျိုးသမီးနဲ့ဆက်သွယ်တယ်။ ဒါမဲ့ ပိုင်ချမ်းသာကနှစ်တွေကြာသွားတောင် ဒီအမျိုးသမီးကိုမှတ်မိနေတယ်။

သူ့ကိုသေချာဂရုမစိုက်နိုင်တဲ့ဦးအောင်သာက သူတို့သားအမိကိုအရေးတယူလုပ်တော့ ပိုင်ချမ်းသာကပိုပြီး မကျေမနပ်ြဖစ်လာတယ်။

နောက်တော့ ထိုအမျိုးသမီးရဲ့သားကိုအရောတဝင်ဖြစ်အောင်လုပ်ပြီးဆေးကိုထိုးပေးခဲ့တယ်။

ဆေးကြောင့်ပဲ တစ်ရက်တခြားကောင်လေးကပြောင်းလဲလာတော့တယ်။ အိမ်အကူကတော့ ကြားထဲကမတရားပြီးသေသွားရတာပေါ့။

THE EYEWhere stories live. Discover now