Part_37

8.4K 1.3K 190
                                    

<Unicode>

အိမ်ပြန်ရောက်ရောက်ချင်း သူ့ကိုလုံးဝလှည့်မကြည့်ဘဲအပေါ်တတ်သွားတဲ့အာဏာ။ မင်းဆက်စိတ်မကောင်းဖြစ်ရပြန်သည်။ ဘာတွေကဘယ်လိုစပြီးမှားခဲ့လဲမသိ။

အပေါ်ထပ်ကိုဖြည်းညင်းစွာတတ်ရင်း အာဏာရဲ့နောက်ကိုလိုက်ခဲ့သည်။ အခန်းတံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက  ကုတင်ပေါ်မှာကျောခိုင်းထိုင်နေတဲ့အာဏာ။

မင်းဆက် အနားကိုလျောက်သွားလိုက်သည်။သူ့ကိုမကြည့် ။ တစ်ဖက်ကိုလှည့်ကာနေသည်။

"အာဏာ"

တိုးတိုးလေးနှစ်ကိုယ်ကြားရုံသာခေါ်မိတော့လဲ လှည့်ကြည့်မလာ။ သက်ပြင်းချလိုက်ရင်း  ဘေးတဖက်မှာဝင်ထိုင်လိုက်သည်။

သူဝင်ထိုင်လိုက်တော့ မြင်လိုက်ရတာကမျက်ရည်ဝဲနေတဲ့ ကောင်လေး။ သူ့ကိုစိတ်မကောင်းဖြစ်အောင်လုပ်ပြန်ပြီ။

"ဘာလို့လဲ  မငိုရဘူးနော်"

သူပြောပြီး လက်ကိုဆုတ်ကိုင်လိုက်သည်။

"မသွားလို့မရဘူးလား"

"၄နှစ်ထဲရယ်၊ ခဏလေးပါ"

"ကျွန်တော်မခွဲနိုင်ဘူးကိုကို"

"မဆိုးရဘူးလေ "

"လိုက်လို့မရဘူးလား"

ဝမ်းနည်းစွာပြောလိုက်တဲ့စကားသံက သူ့ရင်ထဲကိုဆုတ်ဖြဲလိုက်သလိုပင်။ သူ့ရှေ့ကချစ်ရသူကိုပွေ့ဖက်ကာ ချော့မြူမိသည်။

"Blue Moonကိုစောင့်ရှောက်ပေးထား။ ငါမြတ်နိုးတဲ့အဖွဲ့လေးကိုသေချာဂရုစိုက်စောင့်ရှောက်ပေးထား"

"ကျွန်တော်အဲ့နေရာကိုမလိုချင်ဘူး ၊၊ကျွန်တော်ကိုကိုနဲ့ပဲ နေချင်တာ!!"

ဂျစ်ကန်ကန်ပြောတဲ့ကောင်လေးကသူ့ကိုချွဲနေပြန်ပါပြီ။ နှာခေါင်းချွန်ချွန်လေးကို လက်လေးနဲ့ဖွဖွဆွဲလိုက်ကာ ပြောမိသည်ကမြတ်နိုးခြင်းအပြည့်။

"လိမ္မာစမ်းပါကောင်လေးရယ်၊၊ ငါပြန်လာရင် မင်းဖြစ်ချင်တာအားလုံးလုပ်ပေးမယ် ဟုတ်ပြီလား"

THE EYEWhere stories live. Discover now