<Unicode>
ထမင်းစားခန်းထဲမှာ အလုပ်သမားကောင်မလေးတွေရော ၊ တခြားအမျိုးသမီးတွေပါ အလုပ်လုပ်နေကြသည်။
ဒါကလဲ မနက်တိုင်းလုပ်နေကြမီးဖိုချောင်ကိစ္စတွေပင်
ဖြစ်သည်။ ချက်စရာရှိတာတွေချက်ကာ သန့်ရှင်းရေးလဲ လုပ်ကြသည်။ဒေါ်ကြီးကလဲ ထိုလူတွေကိုဘာလုပ်ရန်၊ ဘယ်လိုလုပ်ရန်ညွှန်ကြားရသည်။ဒါကလဲ သူမတာဝန်ပင်ဖြစ်သည်။
"ထမင်းဝိုင်းပြင်လိုက်တော့ ကျွန်မသားကြီးကိုသွားခေါ်လိုက်ဦးမယ်"
ဒေါ်ကြီးကပြောလိုက်တော့ ကျန်တဲ့သူလဲက ခေါင်းညိတ်ကာ မနက်စာထမင်းဝိုင်းကိုပြင်ပေးကြသည်။ ကော်ဖီတွေ၊ မုန့်တွေထက် မနက်စာထမင်းကိုပိုနှစ်သက်တဲ့ မင်းဆက်ကြောင့် သူမထမင်းကိုသာပြင်ဆင်ပေးခြင်းဖြစ်သည်။
ထမင်းဝိုင်းပြင်နေတဲ့ လူတွေကိုဒေါ်ကြီးကလိုက်ပြီး
ကြီးကြပ်ကာ ခဏကြာတော့ အပေါ်ထပ်ကိုတတ်သွားသည်။ကျန်တဲ့လူတွေကတော့ ဆက်ပြင်ရင်းကျန်ခဲ့သည်။ သူမလဲ အပေါ်တတ်ရောက်တော့ မင်းဆက်ရဲ့အခန်း
ရှေ့ကိုသွားလိုက်ပြီး တံခါးခေါက်လိုက်သည်။ဒေါက်! ဒေါက်!
ဘာသံမှမကြားရ။ သူမနောက်တစ်ခါထပ်ခေါက်လိုက်သည်။
ဒေါက်! ဒေါက် !
"သားကြီးရေ နိုးပြီလား"
ဘာသံမှမကြားပေ။ ခဏခဏခေါ်ပြီးတံခါးခေါက်လဲအထဲက ဘာမှအသံမကြားရ။ ကြာလာတော့သူမစိတ်ထဲတစ်မျိုးဖြစ်လာသည်။ အချိန်ကြာတဲ့အထိ တံခါးလာမဖွင့်တော့ သူအောက်ထပ်ကိုဆင်းပြီး သော့ကိုယူလိုက်သည်။
ထို့နောက်သော့အပိုတွေကိုယူပြီး အိမ်ပေါ်ပြန်တတ်လာကာ မင်းဆက်ရဲ့အခန်းတံခါးကိုဖွင့်ဖို့လုပ်သည်။ ခဏကြာတော့ သော့ဖွင့်လိုက်တာနဲ့ တံခါးကပွင့်သွားပြီး အခန်းထဲကိုမြန်မြန်ဝင်လာခဲ့သည်။
အခန်းတစ်ခန်းလုံးမှောင်နေပြီး မီးလဲထွန်းမထားပေ။ ဒေါ်ကြီးလဲ အခန်းမီးကိုဖွင့်လိုက်တော့ မွေ့ရာပေါ်မှာအျပ်နေတဲ့ မင်းဆက်ကိုတွေ့လိုက်ရသည်။