<Unicode>
ပြူတင်းပေါက်နားမှာရပ်နေရင်း အဝေးကိုငေးလျက်။
ဆောင်းရာသီရဲ့အအေးဒဏ်က သူ့ကိုနည်းနည်းတော့နေရခက်စေသည်။အနွေးထည်ထူထူလေးဝတ်ပြီး ခပ်ငေးငေးလေနေမိတာက ချစ်သူကိုလွမ်းလို့။ ဝေ့သီလာတဲ့မျက်ရည်တွေကပုလဲလုံးလေးပမာ။
ဒီနေ့အလုပ်နားရက်မို့ ဘယ်မှမသွားဘဲအခန်းထဲမှာသာနေမိသည်။ အပြင်လိုက်ပို့မယ် လန်းလန်းဆန်းဆန်းဖြစ်အောင်လို့ပြောတဲ့ ထာမဏေရဲ့စကားကိုလဲ အရေးမစိုက်နိုင်။
၄နှစ်နှစ်လုံးလုံး အဆက်အသွယ်မလုပ်ရ၍ သေမတတ်လွမ်းနေရသည်။ ခုလောက်ဆို သူ့ကိုမေ့သွားပြီလား။ ဘွဲ့ရသွားပြီလား၊၊ ကြံခိုင်တဲ့လူတစ်ယောက်ဖြစ်လာပြီလား တွေးရင်းလွမ်းရသည်။
ဒါ့ပြင် တစ်နေ့တခြားချူချာလာတဲ့ကိုယ့်ကျန်းမာရေးကိုပဲ စိတ်တိုမိသည်။ဒီအိမ်ကိုရောက်လာထဲက ဖျားသည်က နေ့ရက်တိုင်းလိုလို။ ထာမဏေကလဲ အမြဲတမ်းအနားနေကာ ပြုစုပေးသည်။
အဆက်သွယ်ပြတ်နေတဲ့ကာလတစ်လျောက်လုံး ကြိတ်မှတ်ကာနေခဲ့ရသည်ကခက်ခဲလှ၏။ နေမကောင်းဖြစ်၊ ဖျားနေတာကို ချစ်သူကိုရင်ဖွင့်ချင်သည်။ အနားမှာရှိနေစေချင်သည်။
တစ်ယောက်ထဲ အမြဲတမ်းနေနေရတာကိုမုန်းသည်။
ဒေါက်! ဒေါက်!
အခန်းတံခါးခေါက်သံကြောင့် မင်းဆက်အတွေးတွေ
လွင့်ပြယ်သွား၏။ ရပ်နေတဲ့ပြူတင်းပေါက်နားကနေ
အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ထာမဏေ။ သူမကအနက်ရောင်ဝတ်ဆုံကိုဝတ်ထားပြီး ဆံပင်ကိုခပ်မြင့်မြင့်ထုံးထားသည်။ သူမကပြုံးပြီး
"အပြင်သွားရအောင်"
"ဘယ်ကိုလဲ"
"အဝတ်အစားလဲ။ သွားကြအောင်"
"အင်း"
မင်းဆက်လဲ ခေါင်းညိတ်ပြီး အခန်းထဲပြန်ဝင်လာသည်။ အပြင်မှာအေးတဲ့အတွက် အပေါ်ကနေအနွေးထည်အဝါရောင်တစ်ထပ်ကိုထပ်ဝတ်ကာအပြင်ထွက်လာခဲ့သည်။