Part_64

6.8K 1K 131
                                    

<Unicode>

"ဒီမှာ"

အခန်းထဲ အောင်ခန့်နဲ့ရှင်းခန့်၂ယောက်ထဲသာ
ရှိသည်။ အောင်ခန့်ကဦးလေးကြီးဆီက အဖြေကိုအသံသွင်းထာတဲ့ အသံဖိုင်ကို ရှင်းခန့်ကိုပေးလိုက်
ခြင်းဖြစ်သည်။

အောင်ခန့်ပေးလိုက်တဲ့ အသံဖမ်းစက်ကို ရှင်းခန့်က
ယူကာ နားထောင်ကြည့်လိုက်သည်။

အောင်ခန့်နဲ့ဦးလေးကြီး အမေးအဖြေလုပ်ထားတာ
ကိုအချိန်အနည်းငယ်ကြာအောင်နားထောင်ပြီးနောက်
ရှင်းခန့်ကပြန်ပိတ်လိုက်သည်။

"ဘယ်လိုထင်လဲ "

အောင်ခန့်ကသိချင်စိတ်နဲ့မေးသည်။ ရှင်းခန့်က
ထိုအသံဖမ်းစက်လေးကိုကြည့်ပြီး

" မင်းဘယ်လိုထင်လဲ"

ရှင်းခန့်မေးလိုက်တော့ အောင်ခန့်ကသက်ပြင်းချ
သည်။

"ကျွန်တော်ထင်တာ အကိုရိပ်မိမှာပါ"

"အင်း ဒါကိစ္စကိုအာဏာရော မင်းဆက်ရောမသိနဲ့
ဦး ကြားလား"

"အင်း စိတ်ချပါ"

ရှင်းခန့်က ထိုအသံဖမ်းစက်ကိုယူလိုက်ပြီး

"ဒါငါယူထားမယ်"

"အင်း "

"သွားတော့ လုပ်စရာရှိတာသွားလုပ်"

ရှင်းခန့်ကအောင်ခန့်ကိုပြောလိုက်တော့အောင်ခန့်က
မျက်မှောင်ကြုတ်ကာ

"တစ်ခုခုသိထားတယ်မလား "

အောင်ခန့်စကားကြောင့် ရှင်းခန့်ကအနည်းငယ်တော့
ပုံပျက်သွားသည်။ အောင်ခန့်ကဆက်ပြီး

"တစ်ခုခုကို အကိုသိထားတယ် အဲ့တာဘာလဲ"

အောင်ခန့်ကမေးသည်။ ရှင်းခန့်ကသက်ပြင်းချပြီး

"မင်းမသိချင်နဲ့ဦး အောင်ခန့် အချိန်တန်ရင်ငါပြောပြမယ် သွားတော့"

ရှင်းခန့်ကလုံးဝပြောပြမဲ့ပုံမဟုတ်တဲ့အတွက် အောင်
ခန့်ခေါင်းညိတ်ပြီး

"အင်း ကျွန်တော်သွားတော့မယ် ဂရုစိုက်ဦး"

"အင်း "

THE EYEWhere stories live. Discover now