Part_46

7.6K 1.2K 35
                                    

<Unicode>
ဆေးရုံထဲကိုဝင်လိုက်တော့ သူနာပြုမလေးကတော့ ငေးကြည့်နေသည်။ အာဏာကတော့ ဂရုမစိုက်။ ဦးတည်ရာလမ်းအတိုင်းသာလျောက်လာခဲ့သည်။
ထို့နောက်ကောင်တာကိုသွားလိုက်ပြီး သူနာပြုမလေး
တစ်ယောက်အားမေးလိုက်၏။

"ဆေးရုံအုပ်ရုံးခန်းကဘယ်နားမှာလဲ"

အာဏာမေးလိုက်တော့ သူနာပြုမလေးက .....

"ဒီကနေတည့်တည့်သွားရှင့်၊ အဆုံမှဓာတ်လှေကား
ရှိတယ်။ အဲ့ကနေ ဒုတိယထပ်ကိုတတ်လိုက်။ ပြီးရင်ဆေးရုံအုပ်ရဲ့ရုံးခန်းကိုတန်းရောက်တယ်"

"ကျေးဇူး"

"ဟုတ်ကဲ့ပါ"

သူနာပြုမလေးကိုကျေးဇူးစကားဆိုပြီး အာဏာညွှန်ပြလိုက်တဲ့လမ်းအတိုင်းလာခဲ့သည်။ နောက်ကတိုးတိုးစကားသံတွေကိုမကြားချင်ယောင်ဆောင်လျက်။

ဒုတိယထပ်ရောက်တော့ ဆေးရုံအုပ်ရုံးခန်းကိုတွေ့လိုက်ရသည်။ ထိုအခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သည်။

ဒေါက်! ဒေါက်!

"ဝင်ခဲ့ပါ"

အထဲကDayအသံကြောင့် အာဏာအခန်းတံခါးကိုကိုယ့်ဘာသာဖွင့်ကာဝင်လာလိုက်သည်။အခန်းကသန့်ရှင်းသက်ရပ်ကာအတော်ကျယ်လှ၏။

"ဆေးရုံအထိတောင်လိုက်လာတာဆိုတော့ ငါထီထိုးဦးမှပဲ"

Dayက ပြောပြီး အလုပ်စားပွဲကနေထကာဆိုဖာပေါ်လာလိုက်သည်။ အာဏာလဲဆိုဖာပေါ်ထိုင်လိုက်သည်။

"အားလား"

"မအားဘူးဆိုရင်ရော"

"အဟင်း မအားလဲကျွန်တော်မေးတာအရင်ဖြေပေး"

အာဏာက ပြောတော့Dayရယ်သည်။ သူ့Daddyအတိုင်းပဲ ။ သိချင်တာလိုချင်တာရှိရင်ချက်ချင်း။

"ကဲ ဘာမေးမှာလဲ"

Dayမေးလိုက်တော့ အာဏာကleather jackထဲက ဓာတ်ပုံတစ်ပုံကိုထုတ်ပြလာသည်။ ထိုဓာတ်ပုံကို Dayရှေ့မှာချပေးလိုက်၏။

"ဒီလူကိုသိလား"

အာဏာကမေးတော့ Dayက စားပွဲပေါ်ကဓာတ်ပုံကိုယူကာကြည့်လိုက်သည်။အာဏာလဲ Dayရဲ့အဖြေစကားကိုစောင့်နေလိုက်သည်။

THE EYEWhere stories live. Discover now