<Unicode>
ဆိုင်ရှေ့မှာကားရပ်ပြီး အထဲကိုလှမ်းကြည့်လိုက်သည်။ဆိုင်လေးကရှေ့ဘက်မှာမှန်တွေကာထားပြီး ပန်းအိုးလေးတွေလဲချိတ်ဆွဲထားသေးသည်။
မင်းဆက်ကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်လာခဲ့၏။ သူတံခါးဖွင့်ဝင်လာတဲ့နဲ့ ဆိုင်ရှင်ကလှည့်ကြည့်လာသည်။ ကိုယ်တိုင်ကောင်တာကိုသွားလိုက်သည်။
"ဘာသောက်မလဲ"
"black coffee "
"ဟုတ်ပြီ ခဏနော်"
မင်းဆက်လဲ စောင့်နေလိုက်ပြီး ဆိုင်ရှင်နဲ့စကားပြောဖို့အတွက် စဉ်းစားလိုက်သည်။ ခဏနေတော့ အနားရောက်လာသည်။
"ရပါပြီ"
"ဟုတ်ကဲ့"
ကမ်းပေးလာတဲ့ ကော်ဖီခွက်ကိုယူလိုက်ပြီး ဆိုင်ရှင်ကိုပြုံးပြကာ
"ကျွန်တော်နဲ့ခဏစကားပြောလို့ရမလားဗျ၊ အားတဲ့အချိန်လေးပါ"
မင်းဆက်ကကောင်းကောင်းမွန်မွန်လေးနဲ့ပြောလိုက်တော့ သဘောကောင်းပုံရတဲ့ဆိုင်ရှင်က ခေါင်းညိတ်၏။
"ဟုတ်ကဲ့ ။ လူနည်းနည်းရှင်းရင်လာခဲ့မယ်နော်
ထိုင်စောင့်ပေးပါရှင့်""ဟုတ်ကဲ့ ကျေးဇူးပါဗျ"
မင်းဆက် ခေါင်းငုံ့ကာနှုတ်ဆက်ပြီး ထောင့်စားပွဲတစ်ခုကိုဝင်ထိုင်လိုက်သည်။ တစ်ဝိုင်းနဲ့တစ်ဝိုင်း အနည်းငယ်ဝေးပြီး တိတ်ဆိတ်လှ၏။ လူတွေကလဲ စကားကိုအကျယ်ကြီးမပြောတော့ ဆိုင်လေးက အေးအေးဆေးဆေးကော်ဖီသောက်ချင်တဲ့လူမျိုးတွေအတွက် သင့်တော်လှသည်။
ကော်ဖီခွက်ကိုရှေ့ကိုချထားလိုက်ပြီး ခုံမှာထိုင်ကာအပြင်ဘက်ကိုငေးကြည့်နေလိုက်သည်။ခုချိန်ဆို အာဏာကစာဖြေနေမည်။ အရင်ကအာဏာနဲ့ဘယ်သွားသွားတူတူ။ ခုတော့တစ်ယောက်တည်း။
မင်းဆက်ပြုံးလိုက်ရင်း ကော်ဖီခွက်ကိုယူပြီးတစ်ငုံသောင်လိုက်၏။ ခါးသက်သက်မဟုတ်ဘဲ ထူးခြားတဲ့အရသာလေးဟာ စွဲထင်သွားသည်။
ထိုစဉ် ဘောင်းဘီအိတ်ထဲကဖုန်းက တုန်ခါလာတဲ့အတွက်မင်းဆက် ကော်ဖီခွက်ကိုချပြီး ဖုန်းကိုထုတ်လိုက်သည်။