[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
ရပ်လိုက်သွားလိုက်နှင့် ၂ရက်အကြာနေ့လယ်ချိန် မင်းဆက်တို့ ရောက်လာခဲ့သည်။ ရပ်လိုက်နားလိုက်နှင့်သွားခဲ့ရ၍လူတွေအကုန်လုံးပင်ပန်းကြသည်။ကားထဲမှာ ထည့်ပေးထားသောမုန့်များ၊ ရေဗူးများကို သာသောက်သုံးပြီး နေခဲ့ကြရသည်။ထို့အစားအစာများနှင့်သာ ဝမ်းကိုဖြည့်တင်းခဲ့ရသည်။
ကားရပ်လိုက်သောကြောင့် အားလုံးအပြင်ထွက်ရန်ပြင်ဆင်ကြသည်။ မင်းဆက်ရဲ့ဘေးကကောင်လေးကလဲ တတ်ကြွနေသည်။ အလုပ်ရမည်ဆိုသောစကားကိုယုံကြည်နေကြသော မိန်းကလေးများကလဲ ထို့အတူတက်တတ်ကြွနေကြသည်။
"ဆင်းလို့ရပြီ"
ကားတံခါးကိုဖွင့်ကာပြောလိုက်သော လူတစ်ယောက်ကြောင့် အားလုံးကားပေါ်ကနေဆင်းကြသည်။
"တစ်ယောက်ချင်းဆင်းကြ"
အရပ်ရှည်ရှည်အသားညိုညိုနှင့် လူတစ်ယောက်က အမိန့်ဆန်သော လေသံဖြင့်ပြောတော့ အားလုံးက တစ်ယောက်ပြီးမှ တစ်ယောက်ဆင်းကြသည်။
မင်းဆက်လည်း ဖြည်းဖြည်းချင်းဆင်းလိုက်သည်။မြေပြင်ပေါ်ရောက်တော့မင်းဆက်သည် ပတ်ဝန်းကျင်အားအနည်းငယ်အကဲခက်လိုက်သည်။ နေ့လည်ပိုင်းဖြစ်နေ၍အားလုံးကိုရှင်းရှင်းလင်းမြင်ရသည်။
အိမ်ကြီးတစ်အိမ်၏ ခြံဝင်းထဲကိုရောက်နေခြင်းဖြစ်သည်။အိမ်ကြီးဟုဆိုသော်လဲ အိမ်နှင့်သိပ်မတူဘဲ ပြည့်တန်ဆာအိမ်နှင့် တူနေသည်။
"ဟိန်းက အန်တီတို့နဲ့လိုက်ခဲ့.... လာ"
အနားကိုရောက်လာပြောသော ပွဲစားအမျိုးသမီးကြောင့်မင်းဆက်ငေးနေသည်ကို ရပ်လိုက်ပြီး ကြောက်ရွံ့နေသော ကောင်ငယ်လေးတစ်ယောက်လို လက်လေးနှစ်ဖက်အားရှေ့သို့ယှက်ကာ ခေါင်းလေးငုံ့ထားသည်။
မင်းဆက်ရဲ့ပုံစံက နေရပ်စိမ်းသို့ရောက်လာသောကြောင့် အနည်းငယ်ကြောက်ရွံ့နေသော ကောင်လေးတစ်ယောက်လိုပင်ဖြစ်နေသည်။
ပွဲစားအမျိုးသမီးက မင်းဆက်၏အနားသို့လာပြီး ချိုသာသောအသံနှင့်ပြောသည်။