Part_42

8K 1.2K 137
                                    

<Unicode>

"ဘာပြောလိုက်တယ် ကိုကို!"

"ငါတို့ခဏလောက်မဆက်သွယ်ဘဲနေရအောင်လို့ပြောတာ အာဏာ"

အာဏာ ခေါင်းမော့ကာဝဲတတ်လာတဲ့မျက်ရည်တွေကိုသိမ်းဆည်းလိုက်သည်။ ဘာဖြစ်ချင်နေတာလဲ မင်းဆင်ဟိန်း။

"ဘာကြောင့်လဲ ဟမ်!!!  ဘာကြောင့်လဲ!!"

"စိတ်အေးအေးထားအာဏာ၊၊ ငါရှင်းပြမယ်"

"ရှင်း !! ခင်ဗျားရှင်း!! ကျုပ်ကိုစိတ်ကုန်သွားတာလား!!ဘာလဲ နောက်ထပ်အသစ်ရသွားလို့လား၊ ဒီလောက်အချိန်လေးအတွင်း နောက်တစ်ယောက်ရအောင်စွမ်းဆောင်နိုင်တဲ့ခင်ဗျားကို ကျုပ်အံ့ဩတယ်!"

"မင်းမစွတ်စွဲနဲ့အာဏာ!!! ငါရှင်းပြတာကိုနားထောင်ပေးလို့ပြောနေတယ်လေ!! ငါ့သိက္ခာကိုမင်းစော်ကားတာများနေပြီ!"

"အဲ့တာဆို ဘာလို့အဆက်အသွယ်ဖြတ်ရမှာလဲ!! ကျွန်တော့်ကိုရူးသွားအောင်လုပ်နေတာလား ခင်ဗျား!!"

သူမထိန်းနိုင်စွာငိုမိသည်။ သူဒီလောက်ချစ်တာကို ဘာလို့ဒီလိုစကားပြောရတာလဲ။ ခွဲနေရတာနဲ နာကျင်လှပြီကို အဆက်အသွယ်မလုပ်ဘဲနေရရင် သူရူးသွားလိမ့်မည်။

"စိတ်အေးအေးထားအာဏာ  ကိုကိုရှင်းပြမယ်။ အလုပ်ကိစ္စကြောင့်ဆက်သွယ်ရမှာအဆင်မပြေလို့ပြောတာအာဏာ။ မင်းလဲသိတာပဲ  ငါဒီကိုရောက်နေတာ အလုပ်အတွက်မဟုတ်သလိုအပျော်ရောက်နေတာလဲမဟုတ်ဘူး၊

ငါအပြစ်ပေးခံနေရတာ၊၊ သူတို့ပြောတဲ့နေရမှာ နေရတာစည်းကမ်းတင်းကျပ်တယ်၊ အခန့်မသင့်ရင် ၄နှစ်ထပ်ပိုသွားနိုင်တယ်"

"ဘာ!! "

"အဲ့တာကြောင့် ခဏလောက်သည်းခံပေးပါအာဏာ
၄နှစ်ပြည့်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့ပါ့မယ် ငါ့ကိုယုံတယ်မလား"

"ယုံသင့်လားကိုကို၊၊ ကျွန်တော်ယုံသင့်လား"

"အနေဝေးနေတဲ့ ငါတို့အတွက်ယုံကြည်မှုကအရေးကြီးဆုံးပဲ။  ယုံကြည်မှုမရှိရင် ငါတို့နှစ်ယောက်ဆက်ဆံရေးက အေးစက်သွားလိမ့်မယ်"

THE EYEWhere stories live. Discover now