<Unicode>
"နောက်နှစ်ရက်နေရင်ဆင်းလို့ရပြီ "
Dayက ဆေးသွင်းထားတဲ့ပိုက်တွေကိုဖြုတ်ပေးကာပြောသည်။ ဒေါ်ကြီးကတော့ ဘေးနားကနေထိုင်နေသည်။ မင်းဆက်ကတော့ သိပ်ပြီးမရွှင်လန်းတဲ့မျက်နှာနဲ့ ခေါင်းညိတ်သည်။
"ဟုတ် ကျွန်တော်လဲဆင်းချင်နေပြီ"
မင်းဆက်ကခပ်ယဲ့ယဲ့လေးပြုံးကာပြောသည်။မင်းဆက်ပြောလိုက်တော့ Dayက မင်းဆက်ရဲ့ခေါင်းကိုကိုင်လိုက်သည်။
"ကျန်းမာရေးကိုသေချာဂရုစိုက်နော်၊ ခဏခဏဖျားတာမကောင်းဘူး ၊၊ ပြီးတော့ အာဏာ"
Dayက စကားစလိုက်တော့မင်းဆက်ကမျက်နှာငယ်သွားသည်။ သူသိတာပေါ့။ ဒီကလေး၂ယောက်ဆက်ဆံရေးကို။ ခုလိုမျိုးတွေကြုံရတဲ့အခါ နှစ်ယောက်စလုံးနာကျင်နေရပြီ။
"အရမ်းကြီးစိတ်မပူပါနဲ့၊၊ သူအန္တာရာယ်ကင်းမှာပါ"
"ဦးဒေး"
"ဟင် ပြောလေ"
မင်းဆက်ခေါ်လိုက်တော့ Dayကစကားထောင်ပေးသည်။ မင်းဆက်ကကုတင်ပေါ်မှာထိုင်နေရင်းဘေးနားမှာရပ်နေတဲ့ Dayကိုမော်ကြည့်လိုက်သည်။
"ကျွန်တော်ဘာဆက်လုပ်ရမလဲ"
"မင်းဆက်"
"ကျွန်တော် အာဏာကိုခုလိုထွက်ပြေးပြီး သူတို့တွေရှာမတွေ့အောင်လုပ်ပေးရမလား။ ဒါ ဒါမှမဟုတ် သူ့ကိုရအောင်ရှာပြီးအပြစ်တွေဆပ်ဖို့နားချရမလား ဟင် ကျွန်တော်ဘာလုပ်ရမလဲ ဦးဒေး"
မင်းဆက်ကတုန်တုန်ရင်ရင်နဲ့မေးသည်။မင်းဆက်ခေါင်းငိုက်စိုက်ကြသွားသည်။ မျက်ဝန်းကျစီးကျနေတဲ့မျက်ရည်ပူတွေကိုမသုတ်မိ၊ မဖယ်ရှားမိ။
" ဘာ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး "
ခပ်တိုးတိုးစကားသံက ဘေးနားကDayနဲ့ဒေါ်ကြီးကို
မျက်ရည်ကျစေသည်။ ဒေါ်ကြီးကတော့ မျက်ရည်တွေကျပြီး ဘေးနားကထွက်သွားပြီးအခန်းအပြင်ထွက်သွားသည်။Dayက ခေါင်းငုံ့နေတဲ့မင်းဆက်ရဲ့လက်ကိုကိုင်လိုက်သည်။
"ထိတ်တိုက်တွေ့ရမယ်"