Part_33

9.4K 1.4K 111
                                    

<Unicode>

ဦးမျိုးဟန်လင်းက တက္ကသိုလ်ကဆရာတစ်ယောက်။ မိန်းမရှိတယ်။ သူ့အမျိုးသမီးက ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့နဲ့ သဘောကောင်းတဲ့အမျိုးသမီး။ အိမ်ထောင်ရေးလဲအဆင်ပြေတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သေဆုံးသူဖူးမြင့်နွယ်က ဦးမျိုးဟန်လင်းနဲ့ တွေ့ခဲ့တယ်။ တွေ့တာကမထူးကခြားဘူး။ သေဆုံးသူက နေမကောင်းလို့ ကျောင်းမတတ်ဖြစ်ပြီး Tutoမဖြေနိုင်ဖြစ်တာကို ဦးမျိုးဟန်လင်းက သီးသန့်ပြန်ဖြေခိုင်းတယ်။ နောက်တော့ သေဆုံးသူရဲ့ ဘဝအကြောင်းကိုသိသွားတယ်။ သနားသွားတယ်ဆိုမလား။

အဲ့နောက်ပိုင်းမှာ  သေဆုံးသူကို ဦးမျိုးဟန်လင်းက စာသင်ပေးတယ်၊၊ စာမလိုက်နိုင်ဖြစ်တဲ့သေဆုံးသူကို သူက အလကားစာသင်ပေးခဲ့တယ်။ နောက်ပိုင်းသူတို့ရင်းနှီးလာကြတယ်။ ဒါကလဲပုံမှန်ပဲ။ ဆရာနဲ့တပည့် စာသင်ဖန်များသွားတဲ့အခါ ရင်းနှီးသလိုမျိုး။

ဦးမျိုးဟန်လင်းကနာမည်ပျက်မရှိဘူး။ တည်ကြည်ပြီး အေးအေးဆေးဆေးနဲ့ လူတိုင်းပေါ်စေတနာထားတတ်တဲ့လူတစ်ယောက်။ သူ့အမျိုးသမီးဖြစ်တဲ့ ဒေါ်ရတနာလိုမျိုးပဲ။

နောက်ပိုင်း သေဆုံးသူက သူ့ရဲ့ဆရာကို သူငယ်ချင်းဖြစ်တဲ့ ဖွေးသန့်နဲ့မိတ်ဆက်ပေးတယ်။ တစ်ခါတလေ စာနားမလည်တဲ့အခါ ဦးမျိုးဟန်လင်းက သူတို့သူငယ်ချင်း၂ယောက်စလုံးကိုစာသင်၊ စာပြပေးတယ်။

အသင်အပြကောင်းတဲ့သူ့ကြောင့် သူငယ်ချင်း၂ယောက်စလုံးကသဘောကျကြတယ်။

ဒါဆိုရင် သူတို့ကြားမှာထွေထွေထူးထူးသံသဃရှိစရာမလိုဘူးပေါ့။

မင်းဆက် laptop screenပေါ်မှာပေါ်နေတဲ့ သေဆုံးသူနဲ့ ဦမျိုးဟန်လင်းရဲ့ ပတ်သက်မှုကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

ဒါက ဂျောင်ဝူးက နီးစပ်တဲ့လူတွေဆီကပါ ရှာထားတဲ့အချက်အလက်တွေ။ သူကြည့်ပြီး ဘာကိုစဉ်းစားရမှန်းမသိဖြစ်နေသည်။

စားပွဲပေါ်တင်ထားတဲ့ ဖုန်းကအသံထွက်လာတာမို့ သူကြည့်လိုက်တော့ဂျောင်ဝူး။

THE EYEWhere stories live. Discover now