<Unicode>
"ဘာသဲလွန်စမှမရသေးဘူးလား"
အောင်ခန့်ကမေးလိုက်သည်။ အားလုံးအခန်းထဲမှာလူစုံနေပြီး အာဏာကတော့မရောက်သေးပေ။ရှင်းခန့်ကလဲ စားပွဲပေါ်ကအချက်အလက်တွေကိုကြည့်ကာစိတ်ညစ်နေသည်။
ဒီနေ့နဲ့ဆို၅ရက်ရှိပြီ။ ဘာသက်သေမှမတွေ့သေး။သဲလွန်စကလုံးဝရှာမရပေ။
"Cctvကိုစစ်ကြည့်တာမတွေ့ဘူးလား"
စိုင်းအောင်ကရှင်းခန့်ကိုမေးသည်။ ရှင်းခန့်ကအနည်း
ငယ်မျက်နှာတော့ပျက်သွားသည်။ သူရထားတဲ့ cctvမှတ်တမ်းကို စားပွဲပေါ်တင်ပေးလိုက်သည်။"ငါတွေ့ထားတာဒါအကုန်ပဲ ၊ လူသတ်သမားအရိပ်အယောက်ရယ်လို ဘယ်သူမှမတွေ့ဘူး"
စိုင်းအောင်က ရှင်းခန့်ပေးတဲ့ USBကိုယူပြီးဂျောင်
ဝူးကိုပေးလိုက်သည်။"တစ်ချက်ကြည့်ပေး"
"အင်း"
ဂျောင်ဝူးက စိုင်းအောင်ပေးတဲ့USBကိုယူပြီးlaptop
နဲ့Cctvမှတ်တမ်းကိုဖွင့်သည်။"ဒီမှာ"
ဂျောင်ဝူးက သူ့laptopကိုစားပွဲပေါ်တင်ပေးပြီးcctv မှတတမ်းကို အားလုံမြင်အောင်ပြလိုက်သည်။စိုင်းအောင်ကထိပ်ဆုံးနေက စိတ်ဝင်တစားကြည့်သည်။
အောင်ခန့်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။
"ဘာမှလဲမတွေ့ဘူး၊ ဟုတ်ရောဟုတ်ပါ့မလဲဗျတစ်ယောက်ယောက်တော့တွေ့ရမှာပေါ့"
စိုင်းအောင်ကစိတ်ဓာတ်ကျသလိုပြောသည်။ တကယ်ပဲဒီကိစ္စက ဒီလိုနဲ့ပြီးတော့မှာလား။ခုထိအဖြေမတွေ့သေးဘူး။ သူတို့အဖွဲ့လဲစိတ်ရှုပ်လာသည်။
"အင်း ဘယ်သူ့အရိပ်အယောင်ကိုမှမမြင်ရတာ လှေကားမှာလဲမတွေ့ဘူး၊ လမ်းမှာလဲမတွေ့ဘူး မြင်တဲ့အတိုင်းပဲ"
ရှင်းခန့်ကပြောသည်။ ထိုင်နေတဲ့ ရှင်းခန့်ကိုကြည့်ပြီး စိုင်းအောင်က အနားတိုးပြီး...
"ဘာဖြစ်လို့လဲ မျက်နှာမကောင်းဘူး"
စိုင်းအောင်စကားကြောင့် ရှင်းခန့်ကမျက်နှာပျက်သွား
သည်။ သူ့ဘေးနားတိုးနေတဲ့ စိုင်းအောင်ကိုတွန်း
လိုက်ပြီး