<Unicode>
"လီလီ"
မင်းဆက် အံ့ဩလွန်းလို့ ဘာမှမဆိုနိုင်။ ဘာလို့လီလီလဲ။
"သား"
သူမျက်ရည်တွေကျလာကာ ပြောဖို့စကားလုံးများပြောက်ရှနေသည်။
သူ့ရှေ့ကလီလီကတော့ မျက်ရည်တွေဝဲနေသည်။ မျက်ဝန်းမှာကြေကွဲခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းတွေကိန်းအောင်းနေသည်။
"စိတ်အေးအေးထား "
သူနောက်ဆုံး ခုံပေါ်မှာပြန်ထိုင်လိုက်ပြီးခေါင်းသာငုံ့ထားမိသည်။ ရှေ့ကလီလီကလဲ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည်။
အခန်းထဲနှစ်ယောက်စလုံးထိုင်နေပြီး ဘယ်သူမှစပြီးစကားပြောခြင်းမရှိ။ မင်းဆက်လဲ ခေါင်းငုံ့ကာနေသည်။
"အံ့ဩသွားမယ်ဆိုနားလည်တယ်"
ထွက်ပေါ်လာတဲ့လီလီစကား။ သူမော့ကြည့်လိုက်သည်။ မျက်ရည်ဝဲနေတဲ့ လီလီရဲ့မျက်ဝန်းထဲမှာလေးနက်ခြင်းတွေရှိနေသည်။
သို့သော် လီလီရဲ့စကားကိုသူပြန်ပြီး ဘာမှမဆို။ ငြိမ်၍သာနေမိသည်။
"မမေးချင်ဘူးလား ဘာလို့စွန့်ပစ်ခဲ့တာလဲဆိုတာ"
လီလီရဲ့ တုန်ရီကာနာကျင်နေတဲ့စကားသံကြောင့်သူမော့ကြည့်လိုက်သည်။
"မတတ်နိုင်ခဲ့လို့၊ မင်းကိုဆက်ပြီးစောင့်ရှောက်ဖို့ မတတ်နိုင်ခဲ့လို့တို့နဲ့သာနေခဲ့ရင် မင်းအသက်ဆုံးရှုံးရမှာ"
လီလီကပြောပြီး ရှေ့ကရေခွက်ကိုယူပြီးသောက်လိုက်သည်။ ထို့နောက်ပြန်ချလိုက်ပြီး....
"မင်းသိပြီသားဖြစ်မှာပါ၊၊ မင်းရဲ့အန်ကယ်ရဲ့အရှုပ်တွေနဲ့ မင်းအဖေရဲ့ပြဿနာတွေ။အဲ့ဒီပြဿနာတွေကြားထဲမှာမင်းကိုမြေစာပင်အဖြစ်မခံနိုင်လို့ ခေါ်ပြီးထွက်ပြေးခဲ့တယ်။
မင်းအဖေရဲ့ပြသနာမင်းထင်ထားတာထက်များတယ်။
အဲ့ဒီအတွက် ဘယ်သူမှမသိတဲ့နေရာမှာ သားအမိနှစ်ယောက်နေဖို့စိတ်ကူးခဲ့တယ်။ဒါမဲ့ ထင်သလောက်မလွယ်ကူခဲ့ပြီ။ ၇လသားအရွယ်ကိုခေါ်ပြီး တို့မရှင်သန်နိုင်တော့ဘူး။