<Unicode>
"ကိုကို!"
ရုတ်တရက်လူအုပ်ကြားထဲက ရင်းနှီးလှတဲ့ခေါ်သံကြောင့် မင်းဆက်မျက်ရည်စများနဲ့လှည့်ကြည့်လိုက်သည်။
လူအုပ်ကြားထဲက သူ့ကိုခေါ်နေတဲ့ အာဏာက ရုတ်
တရက်သူ့အနားကိုရောက်လာသည်။ မင်းဆက်ရဲ့
ရှေ့ကသင်းရနံ့ရဲ့အလောင်းကို ကြည့်ကာ အံ့ဩ
သွားတဲ့အာဏာ။မင်းဆက်ဘာမှမဆိုနိုင်ဘဲ အာဏာကိုသာကြည့်နေမိသည်။ အာဏာက သူ့ရှေ့ကသင်းရနံ့ကိုကြည့်ပြီး စိတ်မကောင်းစွာနဲ့
"အသက်မရှိတော့ဘူး။ ကျွန်တော်တို့ဒီတိုင်းနေနေလို့
မရဘူး။ အလောင်းကိုတစ်ခုခုလုပ်ရမယ်လေ ဒီတိုင်းကြီးပဲနေတော့မှာလား"သင်းရနံ့ရဲ့အလောင်းကိုဖက်ထားတဲ့ သတိုးသား
ကို အာဏာကသေချာပြောပြသည်။သတို့သားတစ်ယောက်အနေနဲ့ လက်ထပ်ပွဲမှာသတို့သမီးကိုဆုံးရှုံ့သွားရတဲ့အဖြစ်၊ ထာဝရဆုံးရှုံးသွားရတဲ့ သူတို့သားအတွက် အားလုံးကစိတ်မကောင်းကြသလို သေဆုံးသွားတဲ့ သတို့သမီးလေးအတွက်လဲ ပူဆွေးကြသည်။
အာဏာက သူ့ရှေ့ကသတို့သားကိုကြည့်ပြီး
"ဒီမှာ ခင်ဗျားစိတ်ထိန်းဦး! "
အလောင်းကိုဖက်ကာငူငိုင်နေတဲ့ သတို့သားကိုအာဏာက ပုခုံးကိုကိုင်လှုပ်ကာပြောလိုက်သည်။
ထို့နောက် မင်းဆက်လက်ကိုပြန်လှည့်လာပြီး
"ကျွန်တော် အောင်ခန့်တို့ကိုဆက်သွယ်လိုက်ဦးမယ် ကိုကိုဒီမှာနေခဲ့ဦး"
"အွန်း"
အာဏာကပြောပြီးထိုနေရာကထွက်သွားသည်။မင်းဆက်လဲ မျက်ရည်တွေသုတ်ပြီး ထိုင်နေရာမှထကာ နောက်ကလူတစ်စုကိုကြည့်ပြီး
"မိသားစုဝင်ကလွဲပြီး ကျန်တဲ့တဲ့သူတွေအပြင်ထွက်ပေးပါ ခုအချိန်ကခင်ဗျာတို့စပ်စုရမဲ့အချိန်မဟုတ်ဘူး"
မင်းဆက်ရဲ့စကားကြောင့် တချို့ကအင်တင်တင်
ဖြစ်ပြီး အပြင်ကိုထွက်သွားကြသည်။ကျန်ခဲ့တာကတော့ သင်းရနံ့ရဲ့မိသားစုနဲ့ သတို့သား
ရဲ့မိသားစုတွေပင်ဖြစ်သည်။မင်းဆက်ကသင်းရနံ့ရဲ့မိဘတွေဘက်ကိုလှည့်ပြီး