Part_51

8.5K 1.2K 108
                                    

<Unicode>

"ဘယ်အချိန်မှပြန်မှာလဲ၊  မင်းဆက်စိတ်ပူနေလိမ့်မယ်"

မနက်ထဲက ဌာနရောက်လာပြီး ညနေရောက်လို့ ညတောင်ရောက်တော့မည်။ ခုထိမပြန်သေးတဲ့ အာဏာကြောင့် ရှင်းခန့်မေးလိုက်ြခင်း။

ဂျောင်ဝူးကတော့ သူတိုက်ခန်းကိုသူခဏပြန်ဦးမယ်ဆို
ပြီးပြန်သွားလေရဲ့။ အောင်ခန့်ကလဲ  ရင်းနဲ့အပြင်ထွက်သွားသည်။

လောလောဆယ်ဌာနမှာ စိုင်အောင်နဲ့ရှင်းခန့်သာရှိသ
ည်။ အာဏာကတော့ ရောက်ထဲကငိုင်နေတာ ခုထိ။

ဘယ်အချိန်ထိနေမလဲမသိ။ ခုထိတော့အိမ်ပြန်မဲ့ အရိပ်အယောင်မမြင်ရ။

"ပြဿနာတတ်လဲ သေချာဖြေရှင်းလေ။ ခုလိုရှောင်လာလို့ပြေလည်မသွားဘူး။ သေချာပြေပြေလည်လည်ရှင်း"

ရှင်းခန့်ကပြောသည်။ စိုင်းအောင်ကတော့ ထိုင်ကာနားထောင်နေဆဲ။ သူကလဲမပြန်။ စပ်စုစိန်ပီပီ ငြိမ်ကာနားထောင်နေသည်။

"ကျွန်တော်ကိုစိတ်ပျက်သွားပြီထင်တယ် "

မှိုင်ကာပြောလိုက်တဲ့ အာဏာရဲ့စကားကိုရှင်းခန့်က
မျက်ခုံပင့်သည်။ အမြဲတမ်းအေးစက်စက်နဲ့ ယုံကြည်ချက်ပြည့်ဝနေတဲ့ အာဏာခုတော့ လဒကြီးမှိုင်နေသလိုပင်။

ဩော် ရည်စားအပူတွေ ရည်စားအပူတွေ။

"ဖြစ်ပျက်တဲ့ကိစ္စကိုအေးအေးဆေးဆေးရှင်း။ခုလိုရှောင်ပြေးရင် ပိုပြီးဆိုးသွားမယ် "

"ကျွန်တော်တို့Clubသွားမလား"

သွက်သွက်လက်လက်နဲ့ စိုင်းအောင်ကမေး၏။အာဏာက ခေါင်းညိတ်၏။

"သွားမယ် "

"ဖြစ်မလား  မင်းဆက်စိတ်ပူနေလိ့မ်မယ်"

"ခဏတဖြုတ်ပါ သွားကြအောင်"

ရှင်းခန့်လဲတားမရတော့မဲ့အတူတူ သွားဖို့ပြင်လိုက်သည်။ စိုင်းအောင်ကတော့ တတ်ကြွလို့။

Clubရောက်တော့ တစ်ခွက်ပြီတစ်ခွက်သောက်နေတာကအာဏာ။ အရက်အပြင်းတွေကို တစ်ခွက်ပြီးတစ်ခွက်သောက်နေတဲ့ အာဏာကိုကြည့်ကာ စိုင်းအောင်နဲ့ရှင်းခန့်အံ့သြမိသည်။

THE EYEWhere stories live. Discover now