Part_3

20.3K 2.3K 53
                                    

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]

နေရာတစ်နေရာ..ဘယ်နေရာလဲသိသလိုလိုနဲ့မသိဖြစ်နေတယ်..။

ဖေဖေ..ဟုတ်တယ်.. ဖေဖေကသူ့ကိုကြည့်ပြီးငိုနေတယ်.. ဘေးမှာ Daddyလဲရှိနေတယ်..Daddyကလဲ သူ့ကို မျက်ရည်တွေဝဲပြီးကြည့်နေရင်း ဖေဖေ့ကို ဖက်ထားတယ်..။

သူဖေဖေတို့ကို မငိုဖို့ တားချင်ပေမဲ့  လှုပ်လို့မရသလို၊ စကားလဲ ပြောမရ..။ ဖေဖေက သူ့ကို ခေါ်နေတယ်..သားငယ်လေးလို့လဲမဟုတ်သလို မင်းအာဏာစက်ဆိုတဲ့ သူ့နာမည်လဲမဟုတ်ဘူး...တခြားနာမည်တစ်မျိုးကိုခေါ်နေတယ်...။

ရုတ်တရက် လေဟာပြင်ထဲရောက်သွားသလို ခံစားချက်ကြောင့် အာဏာနိုးသွားသည်။ တစ်ကိုယ်လုံးချွေးတွေစိုနေပြီး မောဟိုက်နေလျက်။ခေါင်းအုံးနားတွင် ချထားသည့် ဖုန်းကိုယူပြီးဖွင့်ကြည့်တော့ မနက်၇နာရီထိုးတော့မည်။

အာဏာ ဆက်အိပ်မနေတော့ဘဲ စောင်တွေ ခေါင်အုံးတွေကို ပြန်သိမ်းပြီးမင်းဆက်အနားကိုသွားတော့ အိပ်နေဆဲ။ စောင်ကိုပခုံးထိခြုံထားပြီး မျက်နှာလေးသာဖော်ထားသည့်မင်းဆက်ရဲ့နဖူးလေးကိုသူ့လက်ဝါးဖြင့် ဖွဖွလေးစမ်းကြည့်တော့  နွေးနွေးလေးဖြစ်နေသေးသည်။ 

အာဏာအခန်းထဲပြန်ထွက်ပြီး မျက်နှာသစ်လိုက်ပြီး ကျောင်းမသွားရန်ဆုံးဖြတ်လိုက်သည်။ မျက်နှာသစ်ပြီးတော့ ဖုန်းကိုယူပြီး  ဆရာဝန်အားဖုန်းဆက်ရန်ပြင်လိုက်သည်။

"ဟယ်လို ဦးဒေး"

အာဏာဆက်လိုက်တဲ့သူကတော့တခြားသူမဟုတ်။ဦးမှိုင်းရဲ့သူငယ်ချင်း Day။

"အာဏာ  ဘာဖြစ်လို့လဲ"

တစ်ဖက်က Dayက မေးလာသည်။ ထိုအခါအာဏာဖြေလိုက်သည်။

"ကိုကိုဖျားနေလို့ ... အဲ့တာဦးဒေးလာခဲ့ပေး "

"အေးအေး .... ငါခဏနေရင်လာခဲ့မယ်"

"ဟုတ်ကဲ့"

အာဏာဖုန်းချပြီး မင်းဆက်ရဲ့အခန်းထဲပြန်ဝင်လာတော့ခုတင်ပေါ်မှာမရှိတော့ချေ။ ရေချိုးခန်းထဲကရေသံကြားရသောကြောင့် မျက်မှာသစ်နေကြောင်းသိလိုက်သည်။

THE EYEWhere stories live. Discover now