Part_26

11.1K 1.5K 122
                                    

<Unicode>

မင်းဆက်နှင့် အာဏာချက်ချင်း အောင်ခန့်တို့ရှိရာသို့အမြန်သွားလိုက်ကြသည်။သေဆုံးသူ ဆူးခတ်က အသက်ခံထားရတာ သေချာတဲ့အတွက် အမှုကိုဒီတိုင်းလုံးဝသူတို့မထားနိုင်ပေ။ထု့ိကြောင့် ရဲမှူးတောင်းပန်ရန်၂ယောက်သား အမြန်လာခဲ့ကြသည်။

မင်းဆက်တို့အထဲဝင်လိုက်တော့ အောင်ခန့်နှင့်စိုင်းအောင်က အပြင်ကခုံမှာထိုင်နေသည်။ မင်းဆက်နှင်အာကိုမြင်တော့ ထလာကြပြီး....

"ခေါင်းဆောင်"

"ဘယ်လိုဖြစ်တာလဲ"

မင်းဆက်မေးသောအခါ အောင်ခန့်ကသက်ပြင်းချပြီး

"ဆူးခတ်ရဲ့အဖေနဲ့တိုင်ပင်ပြီးပိတ်လိုက်တယ် သေဆုံးမှုက ကိုယ့်ဘာသာသတ်သေတာဖြစ်လို့ဆက်ပြီးစုံစမ်းရာမလိုတော့ဘဲ ပိတ်လိုက်တယ်"

အောင်ခန့်စကားကိုမင်းဆက်ကဒေါသထွက်သွားသည်။

"မဖြစ်နိုင်တာ "

မင်းဆက်နောက်ကအာဏာကိုလှည့်ကြတော့ အာဏာက ...

"စိတ်အေးအေးထား ကျွန်တော်တို့သွားပြီးတွေ့ကြည့်ရအောင် သူ့ကို"

အာဏာကပြောပြတော့ မင်းဆက်လဲဒေါသထွက်နေသည်ကိုထိန်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ မင်းဒီမှာကျန်ခဲ့ ၊ ငါတစ်ယောက်ထဲသွားမယ်"

မင်းဆက်ကပြောသောအခါ အာဏာကခေါင်းခါ၏။

"ကျွန်တော်လိုက်ခဲ့မယ်၊ အများကြီးမဟုတ်တောင် အကူအညီနည်းနည်းတော့ရမှာပါ"

အာဏာက ခပ်တည်တည်ပြောလိုက်တော့ မင်းဆက်ကခေါင်းညိတ်လိုက်သည်။ ထို့နောက်၂ယောက်သား ရဲမှူးဦးဟန်သွင်ရဲ့ ရုံးခန်းသို့လာခဲ့သည်။

မင်းဆက်အခန်းတံခါးရှေ့ရောက်တော့ စိတ်ကိုလျော့လိုက်ပြီး အခန်းတံခါးကိုခေါက်လိုက်သည်။

ဒေါက်! ဒေါက်!

"ဝင်ခဲ့"

အထဲက အသံကြားရသည်နှင့် ၂ယောက်စလုံးဝင်ခဲ့ကြသည်။ အာဏာအထဲရောက်တော့ စာပွဲနားတွင်ထိုင်နေသော အသက်၄၀ကျော်အမျိုးသားတစ်ယောက်အားတွေ့လိုက်ရသည်။ ယူနီဖောင်းကိုသေချာဝတ်ထားသော ထိုလူကြီးသည် ရဲမှူးတစ်ယောက်ဆိုတာသိလိုက်သည်။

THE EYEWo Geschichten leben. Entdecke jetzt