Part_38

8.2K 1.3K 152
                                    

ိ<Unicode>

"လွမ်းတယ်"

"ရောက်တာ တစ်ရက်ပဲရှိသေးတယ်လေ"

"လွမ်းတာအချိန်နဲ့မှမဆိုင်တာ၊၊ အနားမှရှိရင်တောင်လွမ်းလို့ချစ်လို့နမ်းလို့မဝတာကို ဒီလိုအဝေးကြီးရောက်သွားတော့ ပိုလွမ်းတယ်"

မွေ့ရာပေါ်မှာလှဲနေရင်း တစ်ဖက်ကအာဏာရဲ့စကားကိုသံကိုနာထောင်နေခြင်း။ ချွဲသလိုလိုပြောနေတဲ့ စကားကြောင့် မင်းဆက်ပြုံးမိသည်။

"ကိုကို"

"အင်း  ပြောလေ"

"ကျွန်တော့်ကိုအမြဲသတိရနေနော်"

"အင်း  အမြဲတမ်းသတိရနေမှာ"

"ဖြစ်နိုင်ရင်ခုချက်ချင်းလာတွေ့ချင်တယ်"

"တွေရမှာပေါ့၊  နှစ်နည်းနည်းလောက်သည်းခံပေး"

"အင်း  ချစ်တယ်"

"ချစ်တယ်"

"အိပ်တော့ကိုကို ပင်ပန်းနေပြီပေါ့"

"အွန်း "

ဖုန်းချပြီး ပက်လက်လေးအိပ်ကာတွေးတောမိသည်။
အင်း ၄နှစ်။ နောက်ထပ်၄နှစ်နေရင်တွေ့ရတော့မှာပါ။ ကိုယ့်ဘာသာအားတင်းထားမိသည်။

သူပြန်သွားရင်  အာဏာကအရင်လိုပဲချစ်ဦးမှာလား။ အနေဝေးလို့သွေးအေးမှာလား။
မဖြစ်နိုင်တာ  ။တောင်ရောက်မြောက်ရောက်နေတဲ့အတွေးတွေကိုဖယ်ရှားလိုက်ပြီး အိပ်ဖို့ကြိုးစားလိုက်သည်။

ရာသီဥတုက အေးနေတော့ ချစ်သူကိုလွမ်းသည်။  သူ့လက်လေကိုနွေးထွေးအောင်ဆုပ်ကိုင်ကာအနွေးဓာတ်ပေးတဲ့ကောင်လေး။ နွေးထွေးအောင်တင်းတင်းကျပ်ကျပ်ဖက်ပြီးအိပ်တတ်တဲ့ကောင်လေး။

ခုရော သူ့ကိုလွမ်းနေမလား...။

=================

လက်ထဲကဝိုက်ခွက်ကိုကြည့်ရင်း ခပ်မဲ့မဲ့ပြုံးမိသည်။ လည်ချောင်းထဲစီးဆင်းသွားတဲ့  ဝိုင်ကပြင်းရှရှ။ ထိုပြင်းရှရှ အရသာကရင်ထဲကအလွမ်းဒဏ်ကိုမကျော်နိုင်။

THE EYEWhere stories live. Discover now