ထို့နောက် ထမင်းစားခန်ထဲမှာ အလုပ်လုပ်နေတဲ့
အလုပ်သမားကောင်မလေးတွေကိုကြည့်ပြီး

"အာဏာ ပြန်ရောက်ပြီလား"

"ဟုတ်ကဲ့ ရောက်နေပါပြီ အပေါ်ကိုတတ်သွားတယ်"

"အင်း "

သူရေဗူးကိုပြန်ထည့်လိုက်ပြီး ထမင်းစားခန်းထဲကထွက်လာကာ အပေါ်ထပ်ကိုတတ်လာခဲ့သည်။

သူအပေါ်ထပ်ရောက်တော့ ကိုယ့်အခန်းထဲကိုယ်ဝင်
လိုက်သည်။ တစ်နေ့လုံးပင်ပန်းလာ၍  သူရေချိုးပြင်
ပြင်ဆင်လိုက်သည်။

အဝတ်အစားချွတ်ကာတဘက်နဲ့ရေချိုးခန်းထဲကိုဝင်လာခဲ့သည်။ သူတကယ်တော့ အတော်ပင်ပန်း
နေပြီဖြစ်သည်။

စိတ်ပင်ပန်း  လူပင်ပန်းနဲ့ဖြစ်နေရသည်။ သင်းရနံ့ယသေဆုံးတဲ့နေ့ကစပြီးသူ အမြဲတမ်းကူညီပေးနေခြင်း
ဖြစ်သည်။

သေဆုံးသွာတဲ့သူမ အတွက် တတ်နိုင်သလောက်ကူ
ညီပေးချင်သည်။ bath tubeထဲမှာရေစိမ်နေရင်းအချိန်ကြာလာတော့ သူထိုင်နေရာမှရပ်ကာထွက်လိုက်သည်။

ပင်ပန်းနေတော့ လန်းဆန်းသွားအောင်ရေချိုးပေမဲ့အအေးမိမှာကြောက်ရသေးသည်။

ခုချိန်မှာသူဖျားလို့မဖြစ်။ ဖြေရှင်းစရာကိစ္စတွေမများ
ကြီးရှိသေးသည်။

မင်းဆက်ခါးမှာ တဘက်ကိုပတ်ပြီး ရေချိုးခန်းထဲက
ထွက်လာခဲ့သည်။ ရေချိုးလိုက်တော့အနည်းငယ်တော့
လန်းသွားသည်။

သူအဝတ်အစာထုတ်ဖို့ပြင်လိုက်စဉ် စားပွဲပေါ်ကဖုန်း
က အသံကြောင့်သူသွားပြီးကြည့်လိုက်သည်။ ဆက်တာကရှင်းခန့်။

မင်းဆက်ဖုန်းကိုကိုင်လိုက်ပြီး....

"အင်း ပြော"

"မနက်ဖြန်လောက်သိမယ်ထင်တယ် ၊ Cctvကိစ္စ
က"

တစ်ဖက်ကရှင်းခန့်စကားကြောင့် မင်းဆက်အာရုံစိုက်
ကာနားထောင်လိုက်သည်။

"ပြီးတော့ရော "

"ပြီးတော့ fileကိစ္စကိုသိမယ်ထင်တယ်"

"အင်း မင်းသိရင်ငါ့ကိုအကြောင်းကြားလိုက်တော့"

"ok ငါပြောမယ်"

THE EYEWhere stories live. Discover now