ဒီဟာက သင်းရနံ့အိမ်သန့်စင်ခန်းကCctvပင်ဖြစ်
သည်။ ညီလင်း တစ်အိမ်လုံးကcctvတွေကိုကြည့်
ကာနောက်တော့ သင်းရနံ့အိမ်ထဲကိုဝင်လာတာမှစပြီး
ထိုနေရာကိုကြည့်လိုက်သည်။

သင်းရနံ့က သန့်စင်ခန်းသို့သွားပုံရသည်။သန့်စင်
ခန်းထဲကိုဝင်သွားတဲ့အတွက် ညီလင်း သန့်စင်ခန်း
ထဲကcctvကိုကြည့်လိုက်သည်။

သို့သော်မတွေ့၊၊ သန့်စင်ခန်းထဲကမှာဘယ်သူမှရှိမပေ။ဒါဆို သူမကဘယ်ရောက်သွားတာလဲ။

တစ်ခုခုတော့မှားနေတာသူသိလိုက်သည်။ ညီလင်း
မျက်မှောင်ကြုတ်လိုက်ပြီး တွေးတောနေလိုက်သည်။

ဘာလို့လဲ၊၊  ခဏကြာတော့ သန့်စင်ခန်းထဲမှလဲကျ
နေတဲ့ သူမကိုအမျိုးသားတစ်ယောက်ကပွေ့ချီသွား
သည်။

ဒါကသတို့သားပင်။ ထို့နောက်သန့်စင်ခန်းအပြင်
ဘက်မှာလူတွေများကြီးဖြစ်လာသည်။

"ဒါ ဒါကဘာလဲ"

ရုတ်တရက်ဘာမှမရှိတဲ့သန့်စင်ခန်းထဲကသင်းရနံ့က
လဲကျလျက်သားပေါ်လာပြီးသတို့သားကပွေ့ချီသွား
သည်။

ညီလင်း အနည်းငယ်တော့အံ့ဩသွားသည်။ ထို့နောက်
သူ ထိုအခန်းရဲ့cctcကိုသေချာစစ်ကြည့်လိုက်သည်။

"wtf  ဖျတ်ချထားတာလားဟ "

သူပြူးပြဲကာ သေချာကြည့်လိုက်သည်။သင်းရနံ့ဝင်သွားတဲ့အချိန်နဲ့ လဲကျလျက်သားအချိန် ကြားကအရာတွေကိုဖျတ်ချထားခြင်းဖြစ်သည်။

"ခဏနေဦး  ဒါပြန်ယူလို့ရတယ်ထင်တယ်"

သူတစ်ယောက်တည်းပြောရင်း ကြားထဲကrecordတွေကိုပြန်ရှာဖို့ ညီလင်းကြိုးစားကြည့်နေလိုက်သည်။

===================

မင်းဆက် သင်းရနံ့အိမ်ကပြန်လာတော့ ညနေပင်ရောက်နေပြီဖြစ်သည်။ သင်းရနံ့ဖခင်ကခေါ်တာနဲ့သူမသွားမဖြစ်၍သွားလိုက်သည်။

သူမ အိမ်ကလုပ်တဲ့အလှူကိစ္စတွေကိုလဲ ကူညီကာပေးလိုက်သည်။ သူအိမ်ရောက်တော့ ကားကိုရပ်ကာ
ဆင်းလိုက်သည်။

သူအိမ်ထဲဝင်လာတော့ ဒေါ်ကြီးကရှိမနေ။ အလုပ်သမားတချို့ကိုသာတွေ့ရသည်။ မင်းဆက်ထမင်း
စားခန်းထဲဝင်ကာ ရေခဲသေတ္တာထဲက ရေဗူးကိုယူပြီး
သောက်လိုက်သည်။

THE EYEWhere stories live. Discover now