အရင်ရက်ကအာဏာရဲ့အခန်းထဲမှာပဲ သူကုမ္မဏီ
စာရင်းတွေကို လုပ်တတ်သည်။ အဲ့တာကလဲ အာဏာ
ကသူ့ကိုအလုပ်လုပ်ဖို့အခန်းထဲမပြန်ခိုင်းတဲ့အတွက်
သူအာဏာရဲ့အခန်းထဲမှာ အလုပ်လုပ်ရခြင်း။

ခုတော့ အာဏာမရှိတဲ့အတွက် သူအလုပ်စားပွဲဆီကို
လာခဲ့သည်။

တောင်!

လက်ထဲကိုင်ထားတဲ့ ဖုန်းကmessageသံကြောင့်
မင်းဆက် ဖုန်းကိုငုံ့ကြည့်လိုက်သည်။ Daddyဆီက messageဖြစ်တဲ့အတွက် သူစိတ်ဝင်စားသွားသည်။

'maill ပို့ထားတယ်'

တိုတိုနဲ့လိုရင်းဖြစ်တဲ့စကားကြောင့်သူစိတ်ဝင်စား
သွားသည်။ ဖုန်းကိုကိုင်ပြီး တစ်ခါတည်းအလုပ်စားပွဲ
ပေါ်က laptopရှိရာကိုချက်ချင်းသွားလိုက်သည်။

ဖုန်းကိုသားပွဲပေါ်တင်ပြီး  ထိုင်ခုံမှာထိုင်ကာLaptop
ကိုချက်ချင်းဖွင့်လိုက်သည်။ အဝင်Mailတွေကို
စစ်ကြည့်တဲ့အခါ Daddyပို့ထားတဲ့ mailကြောင့်
သူအမြန်ဝင်ကြည့်လိုက်သည်။

Hydraတံဆိပ်နဲ့ ပို့ထားတဲ့ အချက်အလက်ကြောင့်
သူအံ့ဩသွားရသည်။ ပို့ထားတဲ့ အချက်အလက်တွေ
အားလုံးကိုစစ်ကြည့်လိုက်ရင်း မင်းဆက်မျက်ရည်
ဝဲလာရသည်။

တောင်!

ထပ်မံဝင်လာတဲ့messageကြောင့် မင်းဆက်
အမြန်ကြည့်လိုက်သည်။

'အားလုံးအဆင်ပြေပြီမို့စိတ်မပူနဲ့တော့သားကြီး'

ထိုစာကြောင်းလေးတစ်ကြောင်းနဲ့တင်သူမျက်ရည်ဝဲလာရသည်။ သူ့အတွက် အမြဲတမ်းအဆင်သင့်ရှိတဲ့Daddyက ခုလဲ သူ့ရဲ့အခက်အခဲတွေကိုလဲဖြေရှင်းပေးသွားပြန်သည်။

laptop screenပေါ်ကအချက်အလက်တွေကိုကြည့်
ကာသူပြုံးမိသည်။

လွန်ခဲ့တဲ့၄နှစ်ကမူးရစ်ဆေးအမှု။ သူရာထူးကျခဲ့ရတဲ့ အမှု။ သူကတရားခံပါဆိုပြီးထင်ရှားခဲ့တဲ့အမှုကခုအားလုံးအဖြေမှန်သိရပြီ။

ဓာတ်ပုံထဲမှာ ပါတဲ့လူကမင်းဆက်မဟုတ်ပေ။ ရုပ်ချင်းအနည်းငယ်ဆင်တဲ့လူသာဖြစ်သည်။ ချွတ်စွတ်တူနေတဲ့ ဆိုတဲ့ဓာတ်ပုံကအမှား။

THE EYEWhere stories live. Discover now