"မင်းကို  ရင်းလေးကအပျော်ကြံနေတာနေမှာပေါ့"

ရှင်းခန့်ကပြုံးစိစိနဲ့စလိုက်သည်။ အတွဲတွေကြားထဲသွေးထိုးရတာဘယ်လိုအရသာရှိမှန်းမသိဘူး။

"မဟုတ်တာတွေလာပြီ။ ကျွန်တော့်ဘေဘီလေးက
အဲ့လိုမလုပ်ဘူး"

"အမလေး ဘေဘီလေးတဲ့"

"မနာလိုတွေမဖြစ်နဲ့  တစ်ယောက်ထဲfaဖြစ်နေလို့
ကျွန်တော်တို့ကို အားကျလဲ အနားရှိတဲ့ငစိုင်းကို စွဲစိလိုက်"

"ခွေးကောင်"

ရန်ဖြစ်နေတဲ့ ညီအကို၂ယောက်ကိုကြည့်ကာဂျောင်ဝူးက ပြုံးနေသည်။

=================

"ငါလဲ လိုက်မယ် ဒီနေ့"

ဌာနသွားဖို့အဝတ်လဲနေတဲ့ အာဏာရဲ့အနားကိုရောက်လာပြီးမင်းဆက်ကပြောသည်။ အာဏာ နောက်ကိုလှည့်ကြည့်တော့ မင်းဆက်အားလုံးအဝတ်အစားလဲပြီး ရပ်နေသည်။

အာဏာက အဝတ်အစားဝတ်နေရင်း မင်းဆက်ဘက်ကိုလှည့်လာသည်။ မင်းဆက်ကတော့ခပ်တည်တည်ပင်။

"ကုမ္မဏီမသွားဘူးလား"

အာဏာမေးလိုက်တော့ မင်းဆက်ကခေါင်းခါကာ
မွေ့ရာပေါ်မှာထိုင်လိုက်သည်။ ခြေထောက်တစ်ဖက်ကို နောက်ခြေထောက်တစ်ဖက်ပေါ်တင်ပြီး

"မသွားဘူး၊ ကုမ္မဏီကိစ္စက အန်ကယ်မိုက်ခ်လဲရှိနေတာကို၊ အရေးကြီးမှသွားမှာ ခုတော့ဌာနလိုက်ခဲ့မယ်၊ ရှင်းခန့်တို့နဲ့မတွေ့ရသေးဘူး"

မင်းဆက်ကပြောသည်။ အာဏာက ဆံပင်ကိုစုပြီးစည်းထားထုံးလိုက်ပြီး မင်းဆက်ဘက်ကိုလှည့်ကာ

"လိုက်ခဲ့လေ  ဖြစ်တာပဲ"

"အင်း "

ပြီးမှ မင်းဆက်ကတစ်ခုခုကိုသတိရသွားပုံနှင့်...

"ဟိုနေ့ကဖေဖေ ဖုန်းဆက်တယ်"

"ဟုတ်လား ဘာပြောသေးလဲ"

"အဟင်း နေကောင်းလာပေါ့။ မင်းအကြောင်း ကိုတောင်ပြောဖြစ်သေး"

"ဘာတွေပြောလိုက်သေးလဲ"

အာဏာကဘေးနားကို လာထိုင်သည်။ မင်းဆက်ရဲ့ ခါးကိုဖက်ထားပြီး ပခုံးပေါ်မေးတင်ကာ မေးတော့
မင်းဆက်က ခေါင်းခါပြီး

THE EYEWhere stories live. Discover now