"ဖယ်စမ်း၊ ပူတယ်"

"ဟမ် အဲလ်ကွန်းဖွင့်ထားတာကို"

စိုင်အောင်ကအူကြောင်ကြောင်ဖြစ်ကာမေးသည်။ အူကြောင်ကြာင်ဖြစ်နေတဲ့ စိုင်းအောင်ကိုရှင်းခန့်က နဖူးတောက်လိုက်ပြီး ......

"လျောက်တွေးမနေနဲ့၊ သွား အားလုံးစာဖို့မုန့်သွားဝယ်ခဲ့"

"ဟမ်! ကျွန်တော်ပဲလား"

"အေး မင်းပဲရှိတာ သွား"

ရှင်းခန့်ကခိုင်းလိုက်တော့ စိုင်းအောင်ကမျက်နှာမဲ့
သွားသည်။ စားစရာဝယ်ခိုင်းရင် အမြဲတမ်းသူ့ကိုဝယ်ခိုင်းတဲ့ အတွက်စိုင်းအောင်မျက်နှာမဲ့သွားသည်။

တခြားသူတွေရှိရက်နဲ့သူသာခိုင်းတာဘာသဘော။

"ဩော် ကျွန်တော်ဝယ်ပေးတဲ့မုန့်လေးကိုပဲစားချင်တာဖြစ်ရမယ်နော်"

စိုင်းအောင်ကပြုံးစိစိနဲ့ပြောသည်။ ရှင်းခန့်ကဘေးနား
ကတစ်သျှူဗူးနဲ့ကောက်ပေါက်လိုက်တော့ ကပြာကယာ
ထသွားပြီးရယ်သည်။

"သွားစမ်း  မြန်မြန်သွား"

"ဟားဟားး ဟုတ်ပြီ"

စိုင်းအောင်ကပြုံးစိစိနဲ့ထွက်သွားသည်။စိုင်းအောင်ထွက်သွားတော့ အောင်ခန့်ကဘေးနားကနေ မျက်လုံးပြူးပြီး......

"အကို  ငစိုင်းနဲ့အကိုကဘာတွေလဲ"

အောင်ခန့်ရဲစကားကြောင့်ရှင်းခန့်ကအံ့ဩသွားသည်။ ထို့နောက် မျက်နှာမဲ့ကာ.....

"ဘာတွေလာမေးနေတာလဲကွ"

"မဟုတ်ဘူးလေ စကားပြောတာက ဟို"

အောင်ခန့်ကလက်ညှိုးတစ်ထိုးထိုးဖြစ်နေတော့ ရှင်းခန့်က မျက်မှောင်ကြုတ်သည်။

"လျောက်ပြီးပေါက်ကရေတွေမတွေးနဲ့၊ နေဦး ရင်းလေးရော  ခုရက်ပိုင်းမတွေ့ဖြစ်ပါလား"

သူမေးလိုက်တော့ အောင်ခန့်ကမျက်နှာကြီးကရှုံ့မဲ့သွားသည်။ ဒါကို ရှင်းခန့်က......

"ဘာဖြစ်တာလဲ ရုပ်က။ လဒကြီးအီးမှန်ထားသလို
ပဲ"

"အကိုကလဲဖဲ့ ကြန်ပြီ။ ခဏနေပါဦး အဲ့အသေးလေးကလေ အမြဲတမ်းမအားဘူး စစချင်းတုန်းကထင်ထားတာ ကျွန်တော်မအားလို့ သူ့ကိုအချိန်မပေးနိုင်မှာစိုးနေတာ  ခုတော့ သူကကျွန်တော့်ထက်စိုးနေတယ်
မတွေရတာကြာပြီ။ ဖုန်းဆက်လိုက်တိုင်းမအားဘူးဘဲ
ဖြေတယ်"

THE EYEWhere stories live. Discover now