"ကျောင်းမှာပြဿနာတစ်ခုခုရှိလား။ ဥပမာပြဿဖြစ်ဖူးတဲ့လူမျိုး၊ ပြီးတော့ အဆင်မပြေ ရန်ဖြစ်ဖူးတဲ့လူမျိုး"
အာဏာကမေး၏။ အောင်ခန့်က လှန်လောကြည့်နေတဲ့ ဖိုင်ကိုပိတ်ချပြီး....
"သူနဲ့အတန်းတူတဲ့ ကျောင်းသားတစ်ယောက်ကို သွားမေးရင်အဆင်ပြေမယ်။ သူ့အဆောင်ကိုသွားမေးကြည့်ရင်ကောင်းမယ်"
"အင်း သွားမေးရင်ကောင်းမယ်။ အဲ့ကနေကိစ္စတစ်ခုခုကိုသိရမယ်ထင်တယ်"
မင်းဆက် ခေါင်းညိတ်သည်။ ဘာပဲဆိုဆို သေတယ်ဆိုရင်တောင် ဘာကြောင့်သေရတာလဲသိသင့်၏။ ကိုယ့်ဘာသာခုန်ချတယ်ပဲထား။ ဘာကိစ္စကြောင့် ခုန်ချရသလဲသိချင်၏။
"အင်း ခုတစ်ခါတည်းသွားမယ်။ ပြီးတော့ စိုင်းအောင်ရော"
မင်းဆက်က အခန်းထဲဝေ့ကြည့်ပြီးမေးသည်။ သူလာထဲက မတွေ့ရသေးလို့မေးလိုက်ခြင်း။ ခါတိုင်းဆို အမြဲတွေ့နေကျဆိုတော့ မတွေ့လို့မေးလိုက်ခြင်း။
"မနက်စောစောထဲက ကျောင်းကိုသွားတယ်။ ဆရာမတွေကျောင်းအုပ်တွေကိုတွေ့ပြီး ကျောင်းပိတ်ထားဖို့သွားပြောတယ်၊၊ ခုအခြေအနေက ကျောင်းဖွင့်ဖို့မဖြစ်နိုင်ဘူးလေ"
"အင်း ဒါဆိုငါတို့သွားမယ်၊၊ "
"အဆောင်ကိုလား"
အာဏာက ဘေးကနေမေးတော့ မင်းဆက်ခေါင်းညိတ်၏။
"အင်း အဲ့ကိုပဲသွားမယ်"
"အင်း"
ထိုင်နေရာက၂ယောက်စလုံးရပ်လိုက်ပြီး ......
"သွားဦးမယ် ။ခဏနေမှဒီကိုပြန်လာမယ်"
"ဟုတ်ကဲ့"
မင်းဆက်ခေါင်းငြိမ့်ပြီး၂ယောက်စလုံး သေဆုံးသူရဲ့ အဆောင်ကိုထွက်လာခဲ့သည်။
တရွေ့ရွေ့သွားနေတဲ့ကားထဲ ၂ယောက်စလုံးတိတ်ဆိတ်နေသည်။ ရှေ့ကိုသာကြည့်နေတဲ့ မင်းဆက်ကိုသူစောင်းကြည့်ပြီး ပြုံးလိုက်သည်။
ပြုံးနေရင်း အကြောင်းအရာတစ်ခုခုကိုသွာသတိရလိုက်တော့ စိတ်ညစ်သွား၏။ ကျောင်းကိုမတတ်တာကြာပြီ။ နောက်တစ်နေ့ စာမေးပွဲဖြေရဦးမည်။
Part_30
Start from the beginning