"ဒီမှာ "

ဂျောင်ဝူးက ဖိုင်တစ်ခုယူလာပြီး သူတို့၄ယောက်အနားလာပြီးပေးသည်။ဂျောင်ဝူးဆီက ဖိုင်ကိုယူလိုက်ပြီး ကထမဆုံးစာမျက်နှာကိုလှန်လိုက်တော့ မြင်လိုက်ရတာက သေဆုံးသူကောင်မလေးရဲ့ဓာတ်ပုံ။

ဆံပင်အနက်ရောင်ရှည်ရှည်လေးနဲ့ကောင်မလေးက ရိုးရိုးသားသားပုံလေးပင်။  ဘယ်လိုအကြောင်းမျိုးကြောင့် ခုလိုကိစ္စနဲ့ကြုံသလဲ။

သေဆုံးသူကောင်မလေးရဲ့ နာမည်က ဖူးမြင့်နွယ်၊၊ နာမည်လေးက ရိုးရိုးလေးနဲ့ဆန်း၏။  သာမာန်လူတန်းစားတစ်ရပ်ဖြစ်ပြီး အဒေါ်များနဲ့နေ၏။

သို့သော် အထက်စီးဆန်တဲ့အဒေါ်တွေကြောင့် အိမ်ကထွက်လာပြီး အဆောင်မှာနေသည်။ အဆောင်မှာနေသော်လည်း သူငယ်ချင်းများမျာစားစားမရှိဘဲ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်။

မိဘတွေမရှိတော့ဘဲ အဒေါ်တွေနေရတယ်လို့ဆိုပေမဲ့လည်း  သူမအိမ်ကထွက်ပြီး အဆောင်နေတာကို ဘယ်သူကမှမတား။ ဒါကိုကြည့်လိုက်တာနဲ့ သူမအဒေါ်တွေနဲ့ သူမရဲ့ဆက်ဆံရေးကိုခန့်မှန်းလို့ရသည်။

ကြည့်ရသလောက်တော့ ဘာပြဿနာမှသိပ်မရှိ။ ဘာလိုအကြောင်းကြောင့် ဖြစ်ရတလဲ။

"သူ့အဒေါ်တွေကိုရော အကြောင်းကြားထားလား"

လက်ထဲက ဖိုင်ကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး ဆိုဖာကိုမှီကာမေးလိုက်သည်။ ဂျောင်ဝူးက ဖိုင်ကိုသူ့ဘက်ဆွဲယူလိုက်ပြီး

"အင်း အကြောင်းကြားထားတယ်၊၊ ပထမတော့တော်တော်အံ့ဩသွားကြတယ်၊၊ခုတော့ အလောင်းစစ်ဆေးပြီးတဲ့အခါ ဈပနလုပ်ဖို့ စောင့်နေကြတယ်။ကျွန်တော်ခန့်မှန်းရသလောက်တော့   ဒီကိစ္စမှာသူ့ပဒေါ်တွေနဲ့ မဆိုင်ဘူးထင်တယ်"

ဂျောင်ဝူကသူ့အမြင်ကိုပြောပြ၏။

၄ထပ်လောက်ကခုန်ချတယ်ဆိုတာ အကြောင်းတစ်ခုခုတော့ရှိမည်။  ဒါမှမဟုတ်တစ်ယောက်ယောက်တွန်းချထားတာမျိုးရောမဖြစ်နိုင်ဘူးလား။ တွန်းချတယ်ဆို အနည်းဆုံးတော့ အော်မည်။  ခုကဘာသံမှမကြားရ။ပတ်ဝန်းကျင်မှာမေးကြည့်တော့လဲ ဘာသံမှမကြားရ။

THE EYEWhere stories live. Discover now