"နေပါဦး ကျွန်တော်ကဘာလို့ကျန်ခဲ့ရမှာလဲ"
အာဏာ ကမျက်မှောင်ကြုတ်ပြီးမေးတာကြောင့် မင်းဆက်ကရယ်လိုက်သည်။သူ့ရှေ့ကစူပုပ်ပုပ်နဲ့ဖြစ်နေတဲ့ အာဏာရဲ့ပါးကို လက်၂ဖက်နဲ့အုပ်ကာ ကိုင်လိုက်ပြီး.....
"စူပုပ်ပုပ်ကြီးလုပ်မနေနဲ့၊၊ ငါကမင်းအိပ်ရေးပျက်မှာစိုးလို့ ကျန်ခဲ့ဖို့ပြောတာ"
မင်းဆက်ကပြောလိုက်သည်။ အာဏာက သူ့ပါးပေါ်ကမင်းဆက်လက်ကိုဖယ်ပြီး ဆုပ်ကိုင်လိုက်ကာ
"နေမကောင်းတဲ့ကိုကို့ ကိုလွှတ်ပြီးကျွန်တော်ကအေးဆေးအိပ်နေစရာလား၊ တူတူသွားကြအောင်၊၊ခဏပဲဟာကို"
အာဏာက ပြောတော့ မင်းဆက်ကမျက်လုံးလေးမှတ်ကာခေါင်းလေးညိတ်သည်။ ထို့နောက် လက်ညှိုးးနဲ့လက်မကိုဝိုင်းပြပြီး ....
"ok"
အာဏာ သူ့ရှေ့ကမျက်လုံးလေးမှတ်ပြီး okလူပ်ပြနေတဲ့မင်းဆက်ကြောင့်သဘောကျသွားပြီး မင်းဆက်ရဲ့ရခါးကိုဆွဲဖက်ကာရလည်တိုင်ပေါ်မျက်နှာအပ်ထားလိုက်သည်။
"ကိုကို့ကိုချစ်လွန်းလို့ကျွန်တော်တော့်ရူးတော့မှာပဲ"
ထိုစကားသံနဲ့အတူ လည်တိုင်ကဆစ်ခနဲ့နာကျင်မှုကြောင့်မင်းဆက်က အာဏာရဲ့ပခုံးကိုတွန်းလိုက်သည်။
"မကိုက်နဲ့ခွေးကောင်လေးရဲ့။၊အရာတွေထင်မယ်"
မင်းဆက်ပြောလိုက်တော့ အာဏာ လည်တိုင်ကနေ မျက်နှာကိုခွာလိုက်သည်။ မင်းဆက်ရဲ့ လည်တိုင်ဖြူဖြူပေါ်က အနီကွက်လေးကြည့်ပြီး လက်လေးနဲ့ဖွဖွလေးတို့ကာ....
"အရာထင်အောင်လုပ်တာလေကိုကိုကလဲ"
အာဏာ ရဲ့စကားကြောင့် မင်းဆက်ကမနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းခါပြသည်။
"တော်ပြီ သွားကြအောင် "
"အင်း"
===================
မင်းဆက်နဲ့ဖုန်းဆက်ပြီး အောင်ခန့်လဲထိုနေရာကို စည်းထားတာတဲ့အတွက် အပြင်လူမဝင်ရန် ရဲတွေကို ပြောနေသည်။
"ကောင်လေး ဝင်မရဘူးဆို"
"ဟာ ခဏလေးပါဗျာ ခဏလေးရယ်နော်"
Part_29
Start from the beginning